LG X Cam စမတ်ဖုန်းသစ်တွင် 13MP ၇၈ ဒီဂရီကင်မရာပါဝင်

k12

ယခုလတွင် စတင်ရောင်းချမည်ဟု မျှော်လင့်ရသော LG X Cam စမတ်ဖုန်းတွင် 13MP၇၈ ဒီဂရီကင်မရာ နှင့် 5MPကင်မရာတို့ ကျောဘက်တွင်ပါဝင်ပြီး ရှေ့ကင်မရာ သည် 8 MP ရှိကြောင်း သိရသည်။ LG X Cam ၏မျက်နှာပြင် အကျယ်သည် ၅ ဒသမ ၂ လက်မ ရှိပြီး Operating System အနေဖြင့်Android 6.0 Marshmallow ကို သုံးထားသည်။ 1.14 GHz octa- core ပရိုဆက်အသုံးပြုထားပြီး RAM မှတ်ဉာဏ် 2 GB ရှိသည်။

အလေးချိန်မှာ ၁၁၈ ဂရမ် လေးပြီး အသေးစားမှတ်ဉာဏ် ကတ် SD ကတ်အသုံးပြုနိုင်ကာ ဖုန်းအတွင်း သိုလှောင်သိမ်းဆည်း နိုင်မှုပမာဏ 16 GB ရှိသည်။ LG X Cam စမတ်ဖုန်းအသစ်များကို ငွေရောင်၊ အဖြူရောင်၊ ရွှေရောင်နှင့် ပန်းရွှေရောင်စသည့် အရောင်များဖြင့် ရွေးချယ်ဝယ်ယူ နိုင်မည်ဖြစ်သည်။ သို့သော် စတင် ရောင်းချမည့် အချိန်(သို့မဟုတ်)ရောင်းချမည့် ဈေးနှုန်းကို မသိရသေးပေ။ Ref: GSM Arena


Leave a Reply