LG က 6G ကို အောင်မြင်စွာ စမ်းသပ်နိုင်ပြီ

LG က 6G Terahertz (THz) ဒေတာ ပေးပို့မှုနဲ့ လက်ခံမှုကို အောင်မြင်စွာ စမ်းသပ်နိုင်ပါပြီ။ ဂျာမနီ နိုင်ငံ ဘာလင်က Fraunhofer Heinrich Hertz Institute (HHI) မှာ စက်တင်ဘာလ ၇ ရက်နေ့က စမ်းသပ်ခဲ့တာ ဖြစ်ပြီး Frequency Range က 155-175 GHz အတွင်း ရှိပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ 6G ဆက်သွယ်မှုကို စီးပွားဖြစ် ဝန်ဆောင်မှု ပေးဖို့ အရေးကြီးတဲ့ အဆင့်လို့ ပြောပါတယ်။

LG နဲ့ ပါတနာတွေဟာ ဒေတာ ပေးပို့မှုအတွက် Custom 20dBm Multichannle Power Amplifier နဲ့ ဝင်လာတဲ့ Signal အရည်အသွေး တိုးတက်စေတဲ့ Low Noise-Amplifier Receiver ကို အသုံးပြုခဲ့ကြပါတယ်။

LG Electronics ရဲ့ CTO ဖြစ်သူ ဒေါက်တာ Kim Byoung-hoon က “ အခုနောက်ဆုံး စမ်းသပ်မှု အောင်မြင်တဲ့အတွက် 1TB 6G Speed ကို ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ Indoor ရော Outdoor မှာပါ အသုံးပြုလို့ရဖို့ ခြေလှမ်းတစ်လှမ်း ပိုနီးလာပါပြီ။ 6G ဟာ အနာဂတ် စီးပွားရေး လုပ်ငန်းတွေနဲ့ User အတွေ့အကြုံ အသစ်တွေအတွက် အဓိက မောင်းနှင်သူ ဖြစ်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ “ လို့ ပြောပါတယ်။

5G နဲ့ နှိုင်းယှဉ်ရင် 6G ဟာ အမြန်နှုန်း ၅၀ ဆ ပိုမြန်လာမှာ ဖြစ်ပြီး Latency ကို ၁၀ ဆ ပိုလျှော့ချပေးနိုင်သလို တည်ငြိမ်မှု ပိုမြင့်ပါတယ်။ 6G ကွန်ရက် စံနှုန်းကို ၂၀၂၅ ခုနှစ်မှာ သတ်မှတ်မှာ ဖြစ်ပြီး ၂၀၂၉ ခုနှစ်မှာ စီးပွားဖြစ် ဝန်ဆောင်မှုပေးဖို့ မျှော်လင့်ထားကြပါတယ်။

Ref : gsmarena