ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ မှာကြား

MUDONTHAR112

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မေ(၄) ရက်နေ့၊ နံနက် (၁၀) နာရီချိန်တွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအုန်းမြင့် မှ ပြည်နယ်ပါတီအတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် (၁၀)မြို့နယ်မှ ပါတီ ဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ မိမိပါတီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် ပြောကြားကာ တက်ရောက် လာကြသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ပြီး ယင်းအစည်းအဝေးသို့ စုစုပေါင်း အင်အား (၄၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မုဒုံသား


Leave a Reply