အားသွင်းရန်မလိုဘဲ ခန္ဓာကိုယ်အပူချိန်ဖြင့် အလုပ်လုပ်နိုင်မည့် စမတ်နာရီသစ်

အားသွင်းရန်မလိုဘဲ ခန္ဓာကိုယ်အပူချိန်ဖြင့် အလုပ်လုပ်နိုင်မည့် Matrix PowerWatch ဟုခေါ်သော စမတ် နာရီသစ်တစ်မျိုးကို မိတ်ဆက်ကြေညာခဲ့သည်။

matrix-powerwatch

PowerWatch တွင် အိပ်စက်မှုပမာဏ၊ ကယ်လိုရီလောင်ကျွမ်းမှုပမာဏ စသည်တို့အပါအဝင် အခြားသော ကျန်းမာရေးဆိုင်ရာလက်ပတ်များကဲ့သို့ ခြေရာခံမှုများ ပြုလုပ်နိုင်သည်။ PowerWatch ၏ မျက်နှာပြင်သည် အချိန်ကိုဖော်ပြပေးနိုင်ပြီး လည်ပတ်အသုံးပြုနေသည့် လျှပ်စစ်စွမ်းအင်ပမာဏကို ဖော်ပြပေးမည့် ပါဝါမီတာတစ်ခု လည်း ပါဝင်မည်ဖြစ်သည်

PowerWatch သည် ကိုယ်ရေးကိုယ်တာအချက်အလက် တစ်နှစ်စာကို သိမ်းဆည်းပေးနိုင်ကြောင်း အဆိုပါ စမတ်နာရီကို ဖန်တီးသည့် Matrix ကုမ္ပဏီက ပြောကြားခဲ့သည်။ စမတ်နာရီကို ချွတ်ထားသည့်အချိန်တွင် အချက် အလက်များအားလုံး ဆုံးရှုံးမည်ကို စိုးရိမ်ရန်မလိုကြောင်း၊ နာရီချွတ်ထားချိန်တွင် ပါဝါပိတ်သွားမည်ဖြစ်သော်လည်း အချက်အလက်များကို memory တွင် အရင်ဆုံးသိမ်းဆည်းထားကြောင်း သိရသည်။

၎င်းစမတ်နာရီတွင် ရေကူးသည့် အချက်အလက်များကို ခြေရာခံနိုင်ခြင်းမရှိသော်လည်း မီတာ ၅၀ အထိ ရေစိုခံနိုင် သည်။

PowerWatch ကို အစောပိုင်း ရင်းနှီးမြှုပ်နှံသူများက Indiegogo တွင် ၉၉ ဒေါ်လာဖြင့် ရရှိနိုင်မည်ဖြစ်သည်။ ၎င်းကို ဇူလိုင်လတွင် တင်ပို့ရောင်းချရန် ရည်မှန်းထားပြီး လက်လီရောင်းဈေးက ၁၆၉ ဒေါ်လာဖြစ်သည်ဟု သိရ သည်။

Ref: TechnoBuffalo

# Internet Journal


Leave a Reply