Xiaomi က ဖုန်း အပူချိန်ကို လျှော့ချပေးနိုင်တဲ့ Redmi K60 Cover ကို ပြသ

Xiaomi က အရင်နှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ Redmi K60 ဖုန်းအတွက် ထူးခြားတဲ့ Cover ၁ ခုကို ပြသခဲ့ပါတယ်။ အဲဒီ Cover ဟာ ဖုန်း အပူချိန်ကို ၄ ဒီဂရီ စင်တီဂရိတ်အထိ လျှော့ချပေးနိုင်ပါတယ်။

အဲဒီ Cover မှာ ဖုန်းတွေမှာ သုံးတဲ့ အပူလျှော့ချပေးတဲ့ နည်းပညာကိုပဲ သုံးထားတာဖြစ်ပြီး Xiaomi ရဲ့ အပူလျှော့ချပေးတဲ့ ပထမဆုံး Cover ဖြစ်ပါတယ်။ ဖုန်းကို အေးမြအောင်လုပ်ပေးဖို့ သုံးတဲ့ ဓါတုဗေဒပစ္စည်းဟာ လိုအပ်သလို အခြေအနေ ပြောင်းလဲနိုင်ပါတယ်။

ဖုန်း အပူချိန်မြင့်တက်လာတဲ့အခါ အဲဒီ ဒြပ်ထုဟာ Solid ကနေ Liquid State ကို ပြောင်းနိုင်ပြီး အပူကို လျှင်မြန်စွာ လျှော့ချပေးပါတယ်။ အဲဒီ Cover ကို ၇၉ ယွမ် (၁၂ ဒေါ်လာ) နဲ့ ရောင်းချထားပြီး တရုတ်မှာ Xiaomi Mall ကနေ ဝယ်ယူနိုင်ပါတယ်။

Redmi K60 ရဲ့ Specs တွေကို ပြန်လည်လေ့လာနိုင်အောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Redmi K60 specifications

  • 6.67-inch (3200 x 1440 pixels) 2K TCL 12-bit AMOLED 20:9 display, 120Hz refresh rate, 480Hz touch sampling rate, 1920Hz PWM high-frequency dimming, up to 1400 nits peak brightness, 5,000,000:1 (Min) contrast ratio, HDR10+, Dolby Vision
  • Up to 3.2GHz Octa Core Snapdragon 8+ Gen 1 4nm Mobile Platform with Adreno next-gen GPU
  • 8GB / 12GB / 16GB LPPDDR5 RAM with 128GB / 256GB / 512GB UFS 3.1 storage
  • Dual SIM (nano + nano)
  • MIUI 14 based on Android 13
  • 64MP rear camera with Omnivision OV64B sensor, OIS + EIS, LED flash, 8MP 120° ultra-wide angle lens with f/2.2 aperture, 2MP macro camera with f/2.4 aperture
  • 16MP front-facing camera
  • In-display fingerprint sensor, Infrared sensor
  • USB Type-C audio, Hi-Res audio, Stereo speakers, Dolby Atmos
  • Dimensions: 162.78×75.44×8.59mm (Glass) / 8.79mm (Leather); Weight: 205g / 199g (Leather)
  • 5G SA/NSA, Dual 4G VoLTE, Wi-Fi 6E 802.11 ax, Bluetooth 5.3, GPS (L1 + L5), NavIC, USB Type-C, NFC
  • 5500mAh (Typical) battery with 67W wired fast charging, 30W wireless charging

Ref : gizchina