ကမ္ဘာအဝန်းမှာ ဈေးလျှော့ပြီးနောက် Tesla ကား ရောင်းအား ၅၀၀ ရာခိုင်နှုန်း မြင့်တက်သွား

Tesla ဟာ လျှပ်စစ်ကားတွေကို ကမ္ဘာအဝန်းမှာ ဈေးလျှော့ ရောင်းချနေပါတယ်။ တရုတ်မှာ ဈေးလျှော့ပြီးနောက် ၃ ရက် အတွင်း ကားအစီးရေ ၃၀,၀၀၀ ကို ဝယ်ယူခဲ့ကြပါတယ်။

Tesla က ကားဈေးနှုန်း လျှော့ချပြီးနောက်မှာ အော်ဒါတွေ အများကြီး တိုးတက်လာပါတယ်။ တရုတ်က မြို့ အချို့မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနဲ့ ယှဉ်ရင် ၅၀၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

၂၀၂၂ ခုနှစ်မှာ Tesla ရဲ့ ကမ္ဘာအဝန်း ကားရောင်းအားဟာ ၁.၃၁ သန်း ရှိပါတယ်။ ဒါဟာ ကောင်းပေမယ့် ရည်မှန်းထားတဲ့ ၁.၅ သန်းကို မပြည့်မှီခဲ့ပါဘူး။

Tesla ရဲ့ အရာရှိ ၁ ယောက်က ကားတွေ ရောင်းမကောင်းလို့ အခုလို ဈေးလျှော့လိုက်တာလို့ ပြောပါတယ်။

Tesla ဟာ အရင်ကတော့ လျှပ်စစ်ကား နယ်ပယ်မှာ ဘုရင်တစ်ဆူ ဖြစ်ခဲ့ပေမယ့် အခုတော့ ပြိုင်ဖက် လျှပ်စစ်ကား ကုမ္ပဏီများစွာ ပေါ်လာပါပြီ။ Tesla CEO Elon Musk က Tesla ရဲ့ အဓိက ပြိုင်ဖက်ဟာ တရုတ်လျှပ်စစ်ကား ကုမ္ပဏီတွေလို့ ဝန်ခံထားပါတယ်။

Ref : gizchina