Facebook သုံးစွဲသူ ၆.၈ သန်းရဲ့ တစ်ကိုယ်ရေဓာတ်ပုံတွေ ပေါက်ကြားထွက်ပေါ်

Facebook မှာဖြစ်ပေါ်ခဲ့တဲ့ API bug ကြောင့် သုံးစွဲသူ ၆.၈ သန်းရဲ့ တစ်ကိုယ်ရေ ဓာတ်ပုံတွေ app developer တွေဆီကို ပေါက်ကြားထွက်ပေါ်ခဲ့ပါတယ်။

Facebook မှာ API bug ဖြစ်ပေါ်နေတာ နှစ်ပတ်နီးပါးရှိနေပြီး သုံးစွဲသူတွေရဲ့ account တွေမှာတင်ထားတဲ့ ဓာတ်ပုံတွေကို app developer တွေက ရိုးရှင်းစွာ ကြည့်ရှုနိုင်ပါတယ်။ Facebook သုံးစွဲသူတွေ upload လုပ်ထားတဲ့ ဓာတ်ပုံတွေပဲ ပေါက်ကြားထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နဲ့ ၂၅ ရက်အကြားမှာ third-party app တွေတချို့အနေနဲ့ ပုံမှန်ထက်ပိုပြီး ဓာတ်ပုံတွေများစွာကို ဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်ပါတယ် လို့ Facebook က တိုမာဘားဆိုသူက ထုတ်ပြန်ခဲ့ပါတယ်။ ဓာတ်ပုံ API မှာတွေ့ရတဲ့ ပြဿနာက Facebook Login ကိုအသုံးပြုသူတွေအပေါ် ထိခိုက်ခဲ့ပြီး သုံးစွဲသူရဲ့ ဓာတ်ပုံတွေကို third-party app တွေကိုဝင်ရောက် အသုံးပြုနိုင်ဖို့ ခွင့်ပြုချက်ပေးခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး Facebook က တောင်းပန်ခဲ့ပြီး ထိခိုက်ခဲ့တဲ့ သုံးစွဲသူတွေကို အသိပေးအကြောင်းကြားသွားမယ်လို့ ပြောခဲ့ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း update တစ်ခုကို ဖြန့်ချိမှာ ဖြစ်ပြီး bug ကြောင့်ထိခိုက်ခဲ့တဲ့ app သုံးစွဲသူတွေကို developer တွေက စိစစ်နိုင်ပါမယ်။

 —Ref:Intenetjournal