အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲသို့ မြန်မာ ဝင်ရောက်ယှဉ်ပြိုင်မည်
ဇူလိုင်လ ၂၃ ရက်နေ့ကနေ ၂၉ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာ အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲကြီးက အိမ်ထောင်ရှင် အမျိုးသမီးများအတွက် ကျင်းပပြုလုပ်တဲ့ အလှမယ်ပြိုင်ပွဲကြီး တစ်ပွဲဖြစ်တယ်လို့ သိရပါ တယ်။
အဆိုပါ Mrs Universal 2016 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ မထက်အဉ္ဇလီကျော် က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သူမအတွက် လိုအပ်တဲ့ Body ၊ Beauty၊ Brain တို့ကိုလည်း Miss Golden Land Myanmar Organization မှ sharing လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီပြိုင်ပွဲဟာ အိမ်ထောင်ရှင်အမျိုးသမီး တွေအတွက် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည် ဥာဏ်သွေးပိုင်းဆိုင်ရာတွေမှာ အရည်အချင်းတွေ ချပြခွင့်ရတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်လို့ လဲ သိရပါတယ်။