ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ ဓနုဖြူမြို့နယ်တွင် ရေနွေကြမ်းစကားဝိုင်း ပြုလုပ်

 

ဇွန် ၁၆၊ ဓနုဖြူ

ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် ကျေးလက်နေ ပြည်သူများနှင့် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြသည်။

ဒေသခံများကလည်း အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေး ခဲ့ကြပါသည်။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ ဇလွန်မြို့နယ်တွင် ရေနွေကြမ်းစကားဝိုင်း ပြုလုပ်

 

ဇွန် ၁၆၊ ဇလွန်

ဇွန်လ ၁၆ ရက်နေ့ နေ့လည် (၁) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် သရက်ချောင်းကျေးရွာ အုပ်စုတွင် ကျေးလက်နေပြည်သူများ၊ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့တို့ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြပြီး ဒေသခံများကလည်း အခက်အခဲများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပန်းတနော်မြို့နယ် ကျေးလက်စကားဝိုင်းသို့ တက်ရောက် ဆွေးနွေး

 

ပန်းတနော် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဝဲဒေါင့်ကျေးရွာ အုပ်စုနှင့် ဟထုံးကျေးရွာတွင် ရေနွေးကြမ်း စကားဝိုင်းကို ယမန်နေ့ နံနက် ၉နာရီ ၄၅မိနစ်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွန်း တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရ သည်။

ကျုံပျော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အခမဲ့ကျန်းမာရေး စောင့်ရှောက်

 

ကျုံပျော် ဇွန် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဗဟို) ၏ စီမံကူညီမှုဖြင့် ကျုံပျော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အခမဲ့ဆေးကုသမှုကို ကျုံပျော်မြို့နယ် မြို့မတိုက်နယ် အောင်ဆန်းရပ်ကွက် အင်းရဲလမ်း ပြည်လုံး ပေါ်ဘုရားကြီး ကျောင်းတိုက်တွင် ပြုလုပ်ပေးခဲ့သည်။

မြို့မတိုက်နယ်ရှိ ပြည်သူ ၃၅ဝ ကျော်အား ဆေးကုသမှုများ ခံယူခြင်းကို ခွဲစိတ်ဆရာဝန်၊ မျက်စိဆရာဝန်နှင့် အထွေထွေရောဂါကု ဆရာဝန်များက အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ကျိုက်လတ်မြို့နယ် ပါတီကော်မတီဝင် များ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

 

ကျိုက်လတ် ဇွန် ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် သည် တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ပါတီ ကော်မတီဝင်များနှင့် အတူ ယမန်နေ့ မွန်းလွဲ ၁ နာရီမှစ၍ ကျိုက်လတ်မြို့နယ် ပါတီရုံးတွင် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန် ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီး အခမ်းအနားအား ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဒေးဒရဲနှင့် ဖျာပုံမြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဒေးဒရဲ ဇွန် ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် သည် ဒေါက်တာမြတ်မြတ်အုန်းခင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ပါတီကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဒေးဒရဲမြို့နယ် ပါတီရုံးတွင် ဒေးဒရဲမြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခမဲ့ဆေးကုသမှု ပြုလုပ်

 

ဇွန် ၁၀၊ ကျုံပျော်

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အခမဲ့ဆေးကုသမှုကို ကျုံပျော်မြို့နယ် ဆောက်ဝိုင်းအုပ်စု ဥတ္တမံ ကျေးရွာနှင့် အထောင်မြို့တို့တွင် နေရာ (၂) နေရာခွဲ၍ ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။

အခမဲ့ဆေးကုသမှုကို ဒေသံပြည်သူ ၁၀၀၀ ကျော် လာရောက်၍ ဆေးကုသများခံယူခဲ့ပြီး ခွဲစိတ်ဆရာဝန်၊ မျက်စိ ဆရာဝန်နှင့် အထွေထွေရောဂါကုဆရာဝန်များက ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၌ ခရိုင် မြို့နယ် ရပ်ကွက် ကျေးရွာအုပ်စုပါတီ ကော်မတီများ လုပ်ငန်းညှိနှိုင် အစည်းအဝေး ကျင်းပ

 

ဘိုကလေး ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ယမန်နေ့ နံနက် ၁ဝ နာရီက ခရိုင် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ပါတီကော်မတီဝင်များနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဖွဲ့ဝင် စုစုပေါင်း ၉၄ ဦး တက်ရောက် ခဲ့ကြသည်။

မအူပင်ပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်း စကားဝိုင်း ကျင်းပ

 

မအူပင် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသော ကျေးလက်ရေနွေးကြမ်း စကားဝိုင်းကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မအူပင်မြို့နယ် အဂါး ကျေးရွာအုပ်စု စကားလွန်းကျေးရွာရှိ ကျေးရွာပါတီဥက္ကဋ္ဌ ဦးစိန်မြင့် နေအိမ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရေကြည်နယ်မြေ (၁) ၁၄ အုပ်စု ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေး

 

ရေကြည် ဇွန် ၆

ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ရေကြည်နယ်မြေ (၁) အုပ်စု ၁၄ အုပ်စုမှ ပါတီဥက္ကဋ္ဌ များနှင့် ယမန်နေ့ နံနက် ၉ နာရီတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။