ဇလွန်မြို့ ပြည်ခိုင်ဖြိုးပါတီ ရွှေမြန်မာလူငယ်ဖွံ့ဖြိုးရေးစင်တာ ကွန်ပျူတာ သင်တန်းဆင်း

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရွှေမြန်မာ လူငယ် ဖွံ့ဖြိုးရေးစင်တာ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ (၁၀) ရက် မွန်းလွဲပိုင်းက ဒေါင့်ကြီးတိုက်နယ် တောင်ပို့တရားဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဧရာဝတီတိုင်းဒေသကြီးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ညှိနှိုင်းအစည်အဝေး တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်း ဒေသကြီးပါတီ နာယက ဗဟိုကော်မတီဝင် ဦးတင်စိုးတို့နှင့်အတူ ဇွန်လ (၇)ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုံး မြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရိပ်သာ၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

မအူပင်ပြည်ခိုင်ဖြိုး ရပ်ကွက်တွင်း ခြင်ဆေးဖျန်းခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်အဖွဲ့သည် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ ပူးပေါင်း၍ ဇွန်လ (၉) ရက်နေ့က ငြိမ်းချမ်းရေးကျောင်း၊ ဇေယျာရွှေမြေ ကျောင်း၊ အုဋ္ဌ်လှေကားကျောင်း၊ ဧမြို့ပညာရာမသီလရှင်ကျောင်း၊ မြန်အောင်သီလရှင် စာသင်တိုက်၊ အမှတ်(၃) ရပ်ကွက်၊ အမှတ် (၆) ဈေးပိုင်း အ.မ.ကကျောင်း တို့အား ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည် ။

ကန်ကြီးထောင့်ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေး

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရပ်/ ကျေးပါတီများနှင့် လစဉ်ပုံမှန်အစည်းအဝေးကို ဇွန်လ (၈) ရက်က ကျင်းပရာ အစည်းအဝေးသို့ တိုင်းပါတီ အတွင်းရေးမှူး တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဇွန်လ (၇) ရက်နေ့ တိုင်းပါတီ အစည်းအဝေးမှ လမ်းညွန်မှုများ၊ ရပ်ကျေးအမာခံကေဒါများ ဖွဲ့စည်းရေးနှင့် မြို့နယ်ပါတီညီလာခံ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျုံပျော်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင်Social Media On Job Traing ဆင့်ပွားသင်းတန်းနှင့် မြို့နယ်ပါတီညီလာခံကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

ကျုံပျော်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် Social Media On Job Traing ဆင့်ပွားသင်းတန်းနှင့် မြို့နယ်ပါတီညီလာခံကျင်းပနိုင်ရေးအစည်းအဝေးကို ယနေ့ နံနက်တွင် ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးစည်းမှူးများ၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ စုစုပေါင်း (၁၃၅)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

Kyaw Lay


ကန်ကြီးထောင့်ပြည်ခိုင်ဖြိုး ကျောင်းသား/သူများအား အဟာရဒါနနှင့် ဗလာစာအုပ်များ လှူဒါန်း

အမှတ်(၂) မဲဆန္ဒနယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူ၏ လမ်းညွန်မှုဖြင့် မြို့နယ်နှင့် ရပ်/ကျေး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပူးပေါင်းကာ ဇွန်လ (၇) နေ့က ကန်ကြီးထောင့်မြို့နယ်၊ ကျိုက်လတ်အုပ်စု၊ ရေကျော်ကြီးကျေးရွာ အမက ရေကျော်ကြီး ကျောင်းသား ကျောင်းသူများအား အာဟာရတိုက်ကျွေးခြင်းနှင့် ဗလာစာအုပ်များ လှူဒါန်းခြင်း ဆောင်ရွက်ခဲ့ကြသည်။

မအူပင်ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်တွင်းရှိနေအိမ်နှင့် လမ်းများအား ခြင်ဆေး ဖြန်းခြင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ် အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ ပူပေါင်း၍ ဇွန်လ (၇) ရက်က အမှတ်(၁၁)ရပ်ကွက်၊ အာသာဝတီ လမ်း၊ သရဖီလမ်း၊ ABM ဝင်း နောက်လမ်းသွယ် (၁)၊ (၂)၊ (၃)၊ မှန်ပင်ဘုန်းကြီးကျောင်း နောက်လမ်း များရှိ လူနေအိမ်များအား ခြင်ဆေးဖြန်းခြင်း များဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး “သုခ၀တီ” သီလရှင် (သင်) အမျိုးသမီးပညာရေး ပရဟိတကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အလှူငွေနှင့် ဘာသာရေး စာအုပ်/စာစောင်များ လှူဒါန်း

ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ သုခဝတီ သီလရှင် (သင်) ပညာရေး ပရဟိတကျောင်း ယခင် မူလတန်းအဆင့်အထိ သင်ကြားပို့ချရာမှ မူလွန် အဆင့် တိုးချဲ့သင်ကြားမည်ဖြစ်သည့်အတွက် စာသင်သား (၁၄၅) ပါး ကျောင်းတက်ရန် ကျောင်းဆောင်ဆောက်လုပ်ရာရန် မြေနေရာ အခက်အခဲ ကြောင့် သုံးထပ်ကျောင်းဆောင် ဆောက်လုပ်ရန် အလှူငွေများ လိုအပ်လျှက် ရှိသောကြောင့် စေတနာရှင်များမှလည်း ပါဝင်လှူဒါန်းလျှက်ရှိကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမိသားစု ကိုယ်စား ကြံခင်းပြည်ခိုင်ဖြိုးပါတီ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ချမ်းသာကြီးစေတီတော် မြောက်ဘက် လိုဏ်မုခ်အတွင်း သီတင်းသုံး ကိန်းဝပ်လျက်ရှိသော ဆင်းတုတော်မြတ်အား ရောင်တော်ဖွင့် ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းရန်အတွက် အလှူငွေကျပ် နှစ်သိန်း ရှစ်သောင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး ဒေါ်နီနီဝင်း မိသားစုတို့က လှူဒါန်းခဲ့ကြသည်။

ပါတီရှင်သန်ခိုင်မာရန် “ကိုယ်တိုင်ယုံကြည်မှု၊ ယုံကြည်သည့်အတိုင်း လက်တွေ့ လုပ်ဆောင်သည့် ခံယူမှုနှင့် မိမိတို့ယုံသလို ခံယူသလို ပြည်သူများ လိုက်ပါဆောင်ရွက်ရန် လုပ်ဆောင်သည့် စည်းရုံးရေး” တို့သည် အဓိကကျ

“မိမိတို့ ပါတီဝင်များသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအနိုင်ရရှိရေး အတွက် အင်တိုက်အားတိုက် ကြိုးစား ခဲ့ကြကြောင်း၊ မိမိတို့တတ်စွမ်းသရွေ့ အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ဝိုင်းဝန်း ဆောင်ရွက်ခဲ့ ကြ သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုယ်စား အသိအမှတ်ပြုပါကြောင်း၊ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ မိမိတို့၏ အားနည်းချက်များကို လေ့လာသုံး သပ်ပြီး ပြုပြင်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့ပါတီဝင်များသည် ကိုယ်တိုင် ယုံကြည်မှု၊ ခံယူမှုများဖြင့် ပါတီဝင်အဖြစ် ခံယူထားကြသူများ ဖြစ်ကြောင်း၊