ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပန်းတနော်မြို့နယ် ကျေးလက်စကားဝိုင်းသို့ တက်ရောက် ဆွေးနွေး

 

ပန်းတနော် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဝဲဒေါင့်ကျေးရွာ အုပ်စုနှင့် ဟထုံးကျေးရွာတွင် ရေနွေးကြမ်း စကားဝိုင်းကို ယမန်နေ့ နံနက် ၉နာရီ ၄၅မိနစ်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွန်း တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရ သည်။

အဆိုပါ ကျေးလက်ရေနွေးကြမ်း စကားဝိုင်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် မအူပင်ခရိုင် တာဝန်ခံ ဦးသန်းထွန်း၊ မအူပင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် ကော်မတီဝင်များ၊ ကျေးရွာပါတီဝင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျေးရွာမှပြည်သူများက လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေးကိစ္စများအား သိရှိလိုသည်များအား မေးမြန်းရာ ပါတီဗဟိုအတွင်းရေးမှူးက ပြန်လည်ဖြေကြားပြီး ရေနွေးကြမ်း စကားဝိုင်းကို မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးခဲ့သည်။

မောင်ခိုင်ဖြိုး(ပန်းတနော်)