ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဒေးဒရဲနှင့် ဖျာပုံမြို့နယ်တို့မှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဒေးဒရဲ ဇွန် ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် သည် ဒေါက်တာမြတ်မြတ်အုန်းခင်၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်၊ ခရိုင်ပါတီကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဒေးဒရဲမြို့နယ် ပါတီရုံးတွင် ဒေးဒရဲမြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ဆက်လက်၍ မွန်းလွဲ ၂ နာရီမှ စ၍ ဖျာပုံမြို့နယ်ပါတီရုံးတွင် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များနှင့် ညနေ ၄ နာရီခွဲအထိ အသီးသီး တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်က ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အား အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။