ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ရေကြည်နယ်မြေ (၁) ၁၄ အုပ်စု ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေး

 

ရေကြည် ဇွန် ၆

ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ရေကြည်နယ်မြေ (၁) အုပ်စု ၁၄ အုပ်စုမှ ပါတီဥက္ကဋ္ဌ များနှင့် ယမန်နေ့ နံနက် ၉ နာရီတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သန်းက နယ်မြေအလိုက် ပါတီဥက္ကဋ္ဌများ ပါတီဝင်အင်အား ထပ်မံ ရရှိရန် မှာကြားခဲ့သည်။ ဆက်လက်ပြီး ပါတီဝင်အင်အား လိုအပ်နေသည့် နေရာများတွင် စစ်မှန်သော ပါတီဝင် အင်အား ထပ်မံဆောင်ရွက်ရန် လိုကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သန်းက ပါတီဝင်အင်အားကို ဇွန်လမှ စတင်ကာ လေးလအတွင်း ပါတီဝင် ၂၅ ရာခိုင်နှုန်း အပြည့်ရအောင် ဆောင်ရွက်ရန်နှင့် ပါတီဝင် အင်အားကို လစဉ်တိုင်းတိုးမြှင့် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်ပြီး ရေကြည်နယ်မြေ (၁) တာဝန်ခံ ဦးအောင်သက်ဦးက ပါတီဝင်ထပ်မံ အရှိန်တိုးမြှင့် ဆောင်ရွက် ကြရန် ပြည်သူများနားလည်ပြီး ယုံကြည်အားကိုးလာအောင် ပြောပြလုပ်ဆောင်ပြဖို့လိုကြောင်း ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်သန်းက အမျိုးသား အကျိုးစီးပွားအကြောင်း ဆွေးနွေးပြီး အစည်း အဝေး အောင်မြင်စွာ ပြီးစီးကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)