ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၌ ခရိုင် မြို့နယ် ရပ်ကွက် ကျေးရွာအုပ်စုပါတီ ကော်မတီများ လုပ်ငန်းညှိနှိုင် အစည်းအဝေး ကျင်းပ

 

ဘိုကလေး ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ယမန်နေ့ နံနက် ၁ဝ နာရီက ခရိုင် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ပါတီကော်မတီဝင်များနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီ ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ရာ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအဖွဲ့ဝင် စုစုပေါင်း ၉၄ ဦး တက်ရောက် ခဲ့ကြသည်။

အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ဆောင်ရွက်ရာ ပထမပိုင်း အခမ်းအနားတွင် ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ခြောက်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ရုပ်ဆိုင်ကျေးရွာပါတီ အမျိုးသမီး ခေါင်းဆောင်၏ သမီး မကြည်ဖြူ ထွန်းလင်းအား ခရိုင်ပါတီဥက္ကဋ္ဌ ဦးစန်းမောင်က ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြသိန်းက မိမိတို့ပါတီသို့ သက်ဝင်ယုံကြည်ပြီး ဝင်ရောက်လာသော ပါတီဝင်အသစ်များအတွက် ပါတီဝင် ကတ်ပြားများ ပေးအပ်ခဲ့ သည်။

ဒုတိယပိုင်း အခမ်းအနားတွင် နယ်မြေအလိုက် ရပ်ကွက်ကျေးရွာ ပါတီဥက္ကဋ္ဌများက မိမိကျေးရွာ အုပ်စုအလိုက် ကွင်းဆင်းဆောင် ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်း၊ နယ်မြေတာဝန်ခံများက မိမိတို့နယ်မြေအလိုက် လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို တင်ပြခဲ့သည်။ အောင်နိုင်ရေး တာဝန်ခံများက မဲဆန္ဒနယ်အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး နိဂုံးချုပ် အနေဖြင့် ခရိုင်ပါတီဥက္ကဋ္ဌက အမှာစကား ပြောကြားခြင်းဖြင့် အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

မေလေး(ဘိုကလေး