မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သံဃာအပါး ၁၂၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူ

 

အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စိန္တိတာလင်္ကာရ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ နိုင်ငံ့စွမ်းဆောင်ရည်ဆုရှင်) ဆရာတော် ကြီး၏ ဂုဏဝိသိဋ္ဌပူဇော်ပွဲ မော်လမြိုင်ကျွန်းမြို့နယ် ပစ္ဆိမာရုံကျောင်းတွင် ယနေ့ညနေ ၄ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပင့်သံဃာအပါး ၁၂၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် လှူဖွယ်ပစ္စည်းကပ်လှူခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ် ပါတီအတွင်းရေးမှူးဦးအောင်ဇော်လှိုင်၊ မြို့နယ်ဘဏ္ဍာရေးမှူးဦးသောင်းဦးနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီလူငယ်များ စုပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း မှ စက်ရေတွင်တူးရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေ လှူဒါန်း

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းကိုယ်စား၊ မော်လမြိုင်ခရိုင် ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး၊ ချောင်းဆုံမြို့နယ် ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ ဖံဖကျေးရွာ တိုက်ကျောင်းဆရာထံ စက်ရေတွင်းတူးရာ၌ အသုံးပြုနိုင်ရေးအတွက် အလှူငွေ (၅) သိန်းကျပ်အား မေ (၉) ရက်နေ့တွင် သွားရောက်လှူ ဒါန်းခဲ့ကြသည်။

ရပ်ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျင်းပ

 

မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ ၈ ရက်နေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရပ်ကွက်နှင့်ကျေးရွာပါတီစည်းရုံးရေးမှူး များအား ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းတက်ရောက်ကာ လမ်းညွှန်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်းမှ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရပ်ကျေးပါတီဥက္ကဋ္ဌများအား ဗဟိုအလုပ်အမှူဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ တို့မှ တာဝန်ပေးအပ်လွှာများအားပေးအပ်ကြရာ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများမှ တစ်ဦးချင်း လက်ခံရယူသည်။
ယင်းနောက် ဗဟိုအလုပ်အမှူဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲပြီးမြောက်သည်။
အဆိုပါ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲသို့ ဗဟိုအလုပ်အမှူဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ၊ ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများတက်ရောက်ကြသည်။

ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ကျင်းပ

 ပေါင်၊ မေ ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မေလ ၇ ရက်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရပ်ကွက်နှင့်ကျေးရွာ ပါတီစည်းရုံးရေးမှူးများအား ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း (ဗဟိုအလုပ်အမှုဆောင်) တက်ရောက်ကာ လမ်းညွှန်အမှာစကားပြောကြားသည်။

မော်လမြိုင်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခုလ ၈ ရက်နေ့ နံနက် ၁၀နာရီက မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုး၊ မော်လမြိုင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ ရပ်ကွက်နှင့်ကျေးရွာများမှ ရပ်ကျေးစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနှင့် ရပ်ကွက်/ကျေးရွာများ ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများမှ ပါတီလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မော်လမြိုင်ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေး ချောင်းဆုံမြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ယနေ့ ဧပြီ(၆)ရက်နေ့ နေ့လည် (၁၁) နာရီချိန်တွင် မော်လမြိုင်ခရိုင်အတွင်းရေးမှူး ဦးမင်းမြင့်မောင်လေးမှ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးဥက္ကဋ္ဌများ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ခရိုင်ပါတီအတွင်းရေးမှူး ဦးမင်းမြင့်မောင်လေးမှ ပါတီရှေ့လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်ရမည် ကိစ္စရပ်များအား ချပြဆွေးနွေးခဲ့သည်။
ယင်းနောက် ချောင်းဆုံမြို့နယ် ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်မှ မြို့နယ်ပါတီ၏ ဆောင်ရွက်ထားမှုများနှင့် ပါတီအောင်နိုင်ရေးအတွက် စည်းစည်းလုံးလုံး စုစုစည်းစည်း ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကာ တက်ရောက်လာကြသော ရပ်/ကျေးပါတီဥက္ကဋ္ဌများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးကာ မွန်းလွဲ(၁၂း၃၀) နာရီချိန်တွင် တွေ့ဆုံပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

ကျိုက်ထို မြို့နယ်‌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စုပါတီဥက္ကဌများ တာဝန်ပေးအပ်ပွဲ အခမ်းအနား

 

ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ရုံးခန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

 

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မတ်(၂၅)ရက်နေ့တွင် နံနက် (၉) နာရီချိန်တွင် မန္တလေးရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင် ဦးလှထွန်း၊ မော်လမြိုင်ခရိုင်ဥက္ကဋ္ဌ ဦးစိုးထွန်းတို့ တက်ရောက်ခဲ့ကြကာ၊ အခြားပါတီမှ အဖွဲ့ဝင်များလည်းတက်ရောက်ခဲ့ကြောင်း သိရှိရသည်။