ရပ်ကျေးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ပွဲ ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျင်းပ

 

မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ ၈ ရက်နေ့ နံနက်ပိုင်း၌ မြို့နယ်ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရပ်ကွက်နှင့်ကျေးရွာပါတီစည်းရုံးရေးမှူး များအား ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းတက်ရောက်ကာ လမ်းညွှန်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်းမှ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရပ်ကျေးပါတီဥက္ကဋ္ဌများအား ဗဟိုအလုပ်အမှူဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ တို့မှ တာဝန်ပေးအပ်လွှာများအားပေးအပ်ကြရာ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများမှ တစ်ဦးချင်း လက်ခံရယူသည်။
ယင်းနောက် ဗဟိုအလုပ်အမှူဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲပြီးမြောက်သည်။
အဆိုပါ ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲသို့ ဗဟိုအလုပ်အမှူဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌ ၊ ခရိုင်ပါတီကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများတက်ရောက်ကြသည်။