ပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ရုံးခန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

 

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်သည့် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မတ်(၂၅)ရက်နေ့တွင် နံနက် (၉) နာရီချိန်တွင် မန္တလေးရပ်ကွက်၌ ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင် ဦးလှထွန်း၊ မော်လမြိုင်ခရိုင်ဥက္ကဋ္ဌ ဦးစိုးထွန်းတို့ တက်ရောက်ခဲ့ကြကာ၊ အခြားပါတီမှ အဖွဲ့ဝင်များလည်းတက်ရောက်ခဲ့ကြောင်း သိရှိရသည်။