ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ဧပြီလ ၇ ရက်နေ့ ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပြည်နယ်ပါတီကော်မတီဝင် ဦးခင်မောင်ဇော်မှ အမှာစကားပြောကြားပြီး ပြည်နယ်ပါတီကော်မတီဝင် ဒေါ်မေသူဝင်းမှ ပါတီလုပ်ငန်းစဉ်များ၊ ပြည်နယ်ပါတီ၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ပါတီအဆင့်ဆင့်၏ညွှန်ကြားချက်များ၊ ပါတီရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်မှ ခရိုင်ပါတီ၏လုပ်ငန်းဆောင်ရွက်ချက်များ မြို့နယ်ပါတီကော်မတီများအား ပြည်နယ်၏လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ပါတီစည်းရုံးရေးလုပ်ငန်းများအား ဆွေးနွေးပါသည်။
ထို့နောက် ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင် ရေးရာတာဝန်ခံများမှ ဆွေးနွေးကြပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦးမှ မြို့နယ်ပါတီ၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ပါတီအဆင့်ဆင့်၏လမ်းညွှန်ချက်များ၊ စည်းရုံးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြသည်။
ယင်းနောက် မြို့နယ်ပါတီကော်မတီဝင်များမှ နယ်မြေကွင်းဆင်းဆောင်ရွက်နေမှုများ၊ တွေ့ရှိချက် သုံးသပ်ချက်များအားဆွေးနွေးတင်ပြကြသည်။၎င်းနောက် ပြည်နယ်ပါတီကော်မတီဝင်များ ခရိုင်ပါတီဥက္ကဋ္ဌတို့မှ ပြန်လည်သုံးသပ်ဆွေးနွေးကြပြီး အစည်းဝေးပထမပိုင်းပြီးမြောက်သည်။
အစီအစဉ်အရ အစည်အဝေးဒုတိယပိုင်းအဖြစ် မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပကြရာ တစ်လတာအတွင်း မြို့နယ်ပါတီလုပ်ငန်းဆောင်ရွက်မှုများ ရှေ့လဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးခင်မောင်ဇော်၊ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်မေသူဝင်း၊ သထုံခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။