ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် သိုင်းပြောင်းပြန် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

 

၂၀၁၈ ခုနှစ် ဧပြီလ (၈) ရက်နေ့ ညနေ (၁၅း၀၀) အချိန်တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာနိုင်ငံသိုင်းအဖွဲ့ဝင် သိုင်းပြောင်းပြန်သင်တန်းဆင်းပွဲအခမ်းအနားကို ပြည်နယ်ပါတီရုံး ခြံဝင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းအား တစ်လခွဲခန့် သင်ကြားပို့ချခဲ့ကြပြီး သင်တန်းဆင်းပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ သင်တန်းသား/သူ (၁၀၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းအဖွင့်အမှာစကားကို ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ ပြောကြားခဲ့ပြီး သင်တန်းသား/သူများမှ သိုင်းစွမ်းရည်များပြသခဲ့ကြကြောင်း၊ သင်တန်းဆရာကြီးအား ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ ဂုဏ်ပြုလက်ဆောင်နှင့် ပြည်နယ်လူငယ်တာဝန်ခံ ဦးစန်းငွေမှ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။