မုံရွာခရိုင် / မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ် ကျောင်းသား/သူများကို အာဟာရဒါနကုသိုလ်ကောင်းမှုပြု

မုံရွာမြို့နယ် ဘုဘကျေးရွာအုပ်စုရှိ နဂါးရုံဘုရားကြီးကျောင်းတိုက်၌ ဖွင့်လှစ်လျက်ရှိသော ဓမ္မစကူးလ် ဆရာ/ ဆရာမ ၊ ကျောင်သား/သူတို့ကို ဇူလိုင်လ (၁၅) ရက်နေ့ နံနက် (၁၀း၃၀) အချိန်တွင် အာဟာရကုသိုလ်ပြုခဲ့ကြ သည်။ အာဟာရဒါနကုသိုလ်ကောင်းမှုပွဲသို့ မုံရွာခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များ တက်ရောက်ကြပါသည်။

ဓမ္မစကူးလ် ဆရာ/ဆရာမ (၂၀) ဦးနှင့် ကျောင်းသား/သူ (၂၂၀) ဦးတို့ အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပို့ချ သင်ယူတက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ဗုဒ္ဓဘာသာ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်သည်နှင့်အညီ အမျိုးဘာသာသာသနာ ကမ္ဘာမှာ ထည်ဝါစွာ အရှည်တည်တံ့ ခိုင်မြဲစေရန် မျိုးဆက်သစ် မောင်မယ် ကလေးငယ်တို့အား အခြေတည် အုတ်မြစ်ချ သင်ကြား ဆောင်ရွက်ပေးလျက်ရှိပါသည်။

လင်း ခေတ်သွေး