ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီး HE. Mr. HONG Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂-၉-၂ဝ၁၆ရက် (သောကြာနေ့) နံနက် (ဝ၉းဝဝ) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး အစည်းအဝေး ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

_DSC4070

တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ နှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်သော ဦးသန်းထွန်း၊ ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှု ဆောင် ဒေါက်တာပွင့်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

_DSC4078

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်ရေး၊ ပါတီအချင်းချင်း ဆက်ဆံ ရေးအား ပိုမိုပူးပေါင်း ဆောင်ရွက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

_DSC4085 _DSC4093

အေးကိုကို


Leave a Reply