မြစ်ဆုံကော်မရှင် စက်တင်ဘာ ဒုတိယပတ်တွင် မြစ်ဆုံဒေသသို့ သွားရောက်မည်

 

ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်ရန်လျာထားသော်လည်း လူထုကန့်ကွက်မှုကြောင့် ငါးနှစ်ကြာ ရပ်ဆိုင်းထား သော မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သမ္မတထံ တိုက်ရိုက်အစီရင်ခံစာ တင်ပြရမည့် ကော်မရှင်အဖွဲ့သည် စက်တင်ဘာ ဒုတိယပတ်တွင် မြစ်ဆုံဒေသသို့ မြေပြင်အခြေအနေ သွားရောက်ဆန်းစစ်မည်ဟု သတင်းရရှိသည်။

‘‘မြစ်ကြီးနားကို တစ်ခေါက်ဆင်းမယ်လို့သိရတယ်။ အခုလလယ်အတွင်း ဆင်းဖြစ်မယ်လို့သိ ရပါတယ်။ ကျန်တာ တော့ မသိရသေးပါဘူး’’ ဟု ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောကြားသည်။

ဧရာဝတီ မြစ်ဆုံမြစ်ညာမြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်မီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့တွင် ပါဝင်သူ ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိန်းကို ကော်မရှင်ပြောရေးဆိုခွင့်ပုဂ္ဂိုလ်အဖြစ် ခန့်အပ်ထားသော်လည်း ၎င်းက မြစ်ဆုံနှင့် ပတ်သက်၍ ထုတ်ဖော်ပြောခြင်းမရှိသေးပေ။

သမ္မတထံ တိုက်ရိုက်တင်ပြရမည့် မြစ်ဆုံစီမံကိန်းနှင့် အခြားစီမံကိန်းများ၏ အစီရင်ခံစာကို သုံးလအတွင်း အပြီးသတ်ရမည်ဖြစ်ပြီး စာချုပ်များလေ့လာခြင်းနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

# 7 Day Daily


Leave a Reply