ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး ပြည်ထောင်စုနယ်မြေမှ ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် ယနေ့ စက်တင်ဘာ(၂)ရက်နေ့ (၁ဝးဝဝ) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု စည်းရုံးရေးမှူးများ စုစုပေါင်းအင်အား(၇၅ဝ)ဦးခန့်တို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။

_DSC4176 _DSC4129

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်သော ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးဝေလွင်၊ ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ကြပြီး အခမ်းအနား အစီအစဉ်အရ တက်ရောက်လာသော (၈)မြို့နယ်ပါတီဥက္ကဌများမှ မိမိနယ်မြေအသီးသီးမှ ဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးကြပြီးနောက် ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးဝေလွင်မှ ပြည်ထောင်စုနယ်မြေအတွင်းရှိမြို့နယ်များအားလုံး၏ အခြေအနေများကို သုံးသပ်ဆွေးနွေး တင်ပြပြောကြားခဲ့သည်။

_DSC4159_DSC4129

၎င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးမှ ယခုလို ပြည်ထောင်စုနယ်မြေမှ ပါတီဝင်များနှင့်နွေးနွေးထွေးထွေး တွေ့ဆုံရတာ ဝမ်းသာပါကြောင်း၊ ယခုလို တွေ့ဆုံရ ခြင်းမှာလည်း မိမိတို့ပါတီ၏အခြေအနေများ၊ ဆောင်ရွက်ချက်များ၊ အကြံပြုချက်များ၊ လိုအပ်ချက်များကို ရင်းရင်းနှီးနှီးဆွေးနွေးလိုတာကြောင့် ဖြစ်ပါကြောင်း၊ ယနေ့လူငယ်ပါတီဝင်များမှလည်း စွမ်းစွမ်းတမံလုပ်ဆောင် ကြရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများကို မိမိတို့ပါတီဝင်များမှ လုပ်အားဒါနအနေဖြင့် အမြန်ဆုံးကူညီဆောင်ရွက်ပေးကြရန်နှင့် ရပ်ကွက်အတွင်းရှိသော လူမှုရေးအသင်းများ၊ သာရေးနာရေး အသင်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း စသည်တို့ကို ရင်းနှီးစွာ ပြောကြားပြီးနောက် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ပါတီတွင်းဖွဲ့စည်း လုပ်ဆောင်ရမည့် အချက်အလက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

အေးကိုကို


Leave a Reply