မန္တလေး တက္ကသိုလ်တွင် ဖွင့်လှစ်မည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ သင်တန်းအား လျှောက်ထားနိုင်

၂၀၁၆-၂၀၁၇ ခုနှစ် မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်မည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်း (အမ်ပီအေ) ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး တက်ရောက်လိုသူများ အနေဖြင့် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။

ရေးဖြေစာမေးပွဲများတွင် အဆင့်မီသူများအား လူတွေ့စစ်ဆေးရွေးချယ်ပေးသွားမည်ဖြစ်သည်။ လျှောက်လွှာများကို ဇွန်လ (၆) ရက်မှစတင်ကာ မန္တလေးတက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ရေးဖြေ စာမေးပွဲအတွက် လျှောက်လွှာများကို ဇွန်လ (၃၀) ရက် နောက်ဆုံးထားကာ တင်သွင်းရမည် ဖြစ်သည်။

သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို ဇူလိုင်လ (၉) ရက်တွင် မန္တလေးတက္ကသိုလ်၌ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လို သူများအနေဖြင့် ဌာနမှူး သင်တန်းရေးရာဌာန ဖုန်း-၀၆၄-၃၉၂၇၈၊ ၀၉၄၀၂၆၆၂၃၁၃ မိတ္ထီလာစီးပွားရေးတက္ကသိုလ် နှင့် ဌာနမှူး၊ စီးပွားရေးပညာဌာန ဖုန်း – ၀၉၃၃၃၀၃၀၈၇၊ မန္တလေးတက္ကသိုလ်များသို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။


Leave a Reply