ပါတီဝင်အသစ်များအားကြိုဆိုရာတွင် လက်ဆောင်ပစ္စည်းများဝယ်ယူရန်အတွက် ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီသို့ အလှူငွေသိန်း(၁၀၀)လာရောက်လှူဒါန်း

လားရှိး မတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့

ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ  ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာကြမည့် ပါတီဝင်အသစ်များ ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ဆောင်ပစ္စည်းများဝယ်ယူရန်အတွက် ရှမ်းမြောက်ပြည်ခိုင်ဖြိုးပါတီအား အလှူငွေ

သိန်း(၅၀)ကျပ်ကိုလည်းကောင်း၊ ဗဟိုကော်မတီဝင်၊ မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးမြင့်လွင်မှ အလှူငွေ       သိန်း(၅၀)ကျပ် စုစုပေါင်းသိန်း(၁၀၀) ကျပ်တိတိ လာရောက်လှူဒါန်းခဲ့ရာ  ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌဒေါက်တာမျိုးထွန်းမှ လက်ခံရယူခဲ့ပါသည်။