မိဘမဲ့ကျောင်းအတွက်ဆန်၊ဆီ၊ဆားများ လှူဒါန်းပြီး ပိုလီယိုရောဂါခံစားနေရသော ကလေးများအား ထောက်ပံ့

လားရှိး မတ် ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းခမ်းယဉ်နှင့်မိသားစုသည် လားရှိးမြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းမြမြဆွေနှင့် လူငယ်ရေးရာ တာဝန်ခံဒေါ်ချို မာတိုပါလိုက်ပါ၍၂၀၂၃ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိးမြို့ အလင်းအိမ်မိဘမဲ့  ကျောင်းရှိ မသန်မစွမ်း ပိုလီယိုရောဂါခံစားနေရသော ကလေးများအတွက် (၁)ဦးလျှင် ငွေကျပ် (၂) သောင်းစီ ထောက်ပံ့ပေးခဲ့ပြီး အလင်းအိမ်မိဘမဲ့ကျောင်းအတွက် ဆန်၊ ဆီ၊ ဆား၊ ရေသန့်၊ ဆပ်ပြာနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ကြောင်းသိရပါသည်။