သဲကုန်းပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင်ကော်မတီဝင်များ အမာခံကေဒါများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဇွန်လ (၅) ရက် နံနက် ၁ဝနာရီခွဲက ပြုလုပ်သောတွေ့ဆုံပွဲ၌ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစိုးအောင် နှင့် ခရိုင်ပါတီကော်မတီဝင် ဦးသန်းဇော်တို့ သည် သဲကုန်းမြို့နယ်အတွင်း အသစ်ပြန်လည် ဖွဲ့စည်းပြီးသော အမာခံ(ကေဒါ)များနှင့်တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်းအကြိုဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရ၏။

ဆွေးနွေးပွဲသို့ တိုင်းဒေသ ကြီး၊ ခရိုင်ကော်မတီဝင်များနှင့် သဲကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဒေါ်ဥမ္မာမို့မို့ဇော်၊ တွဲဖက်အတွင်းရေးမှူး ဦးရဲလင်း အောင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးများမှ အမာခံများ စုစုပေါင်း အင်အား (၁ဝဝ) ကျော် တက် ရောက်ခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply