ဗဟိုအတွင်းရေးမှူးများ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်၊ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်တို့သည် နိုဝင်ဘာ (၄) ရက် မွန်းလွဲ ၃ နာရီတွင် မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ၁ဝ မြို့နယ်တို့မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ရေးရာတာဝန်ခံများနှင့် တွေ့ဆုံခဲ့သည်။

 

14955864_1693596677619513_1892655653149819498_n

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်၊ ခရိုင်ဥက္ကဋ္ဌများက ပါတီလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုအခြေအနေများ၊ ပါတီရှေ့လုပ်ငန်းစဉ်အပေါ် ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် (ရေးရာတာဝန်ခံ)တို့က ပြန်လည်ဆွေးနွေးရာတွင် ပါတီတွင်းစည်းလုံးညီညွတ်ရေးကို ကိုယ်စီတာဝန်ယူ ဆောင်ရွက်ရေး၊ ယခင်အတွေ့အကြုံများကို သင်ခန်းစာယူ ဆောင်ရွက်ရေး၊ ပါတီဝင်များနှင့် စဉ်ဆက်မပြတ် ထိတွေ့ရေး၊ လေ့ကျင့်သင်တန်းပေးရေး၊ ပါတီရည်မှန်းချက် အောင်မြင်အောင် ဦးတည်ချက်ထား ဆောင်ရွက်ရေးတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင် နှစ်ခုမှ ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ မြို့နယ် ၁ဝ မြို့နယ်မှ ဥက္ကဋ္ဌများ၊ ရေးရာလေးခုမှ တာဝန်ခံများ စုစုပေါင် အင်အား ၁၄ဝ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Leave a Reply