ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲ ကျင်းပ

 ပေါင်၊ မေ ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌတာဝန် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မေလ ၇ ရက်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရပ်ကွက်နှင့်ကျေးရွာ ပါတီစည်းရုံးရေးမှူးများအား ဥက္ကဋ္ဌတာဝန်ပေးအပ်ပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း (ဗဟိုအလုပ်အမှုဆောင်) တက်ရောက်ကာ လမ်းညွှန်အမှာစကားပြောကြားသည်။

ပြည်နယ်ပါတီဥက္ကဋ္ဌ ပါတီဗဟိုအလုပ်အမှုဆောင်မှ လမ်းညွှန်အမှာစကားပြောကြားရာတွင် ပါတီရပ်ကျေး စည်းရုံး ရေးမှူးများအား ရပ်/ကျေးပါတီဥက္ကဋ္ဌများအဖြစ် ယနေ့မှစ၍ တာဝန်ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ဥက္ကဋ္ဌများအဖြစ် တာဝန်များအား ပေးအပ်ပြီဖြစ်သည့်အတွက် တာဝန်ယူတာဝန်ခံမှုရှိကြဖို့လိုကြောင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေး အလေးပေးကြိုးစား ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဥက္ကဋ္ဌများအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ပြီ ဖြစ်သည့် အတွက် ကြီးလေးသောတာဝန်ဝတ္တရားများ ထမ်းရွက်ကြတော့မှာဖြစ်ကြောင်း၊ ကြီးလေးသောတာဝန်ဝတ္တရား ဆိုသည်မှာ ပါတီအောင်နိုင်ရေးဖြစ်ပါကြောင်း၊ ပါတီအောင်နိုင်ရေးသည် ပါတီအတွက် အလွန်အရေးကြီးပြီး အခက်အခဲများစွာရှိသော်လည်း မဖြစ်မနေအောင်နိုင်အောင် ကျော်လွှားကြရမှာဖြစ်ပါကြောင်း၊ ပါတီအတွင်း အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပါတီအောင်နိုင်ရေး ကြိုးစားသွားကြဖို့လိုကြောင်း၊ မိမိတို့ပါတီ၏ ပါတီ အဆင့်ဆင့်တွင် ဆောင်ရွက်နေကြသူများအား တာဝန်များသာပေးအပ်ထားကြောင်း၊ ရာထူးဂုဏ်ဒြပ်များပေးအပ် ထားခြင်းမရှိပါကြောင်း၊ တာဝန်ပေးအပ်ထားသည်ဖြစ်သည့်အတွက် တာဝန်ယူရမှာဖြစ်ပြီး မိမိယူထားသည့် တာဝန်အား မိမိကိုယ်တိုင် တာဝန်ခံရမှာဖြစ်ပြီး မိမိနိုင်ငံ မိမိလူမျိုး၊ မိမိပါတီအတွက် သတိရှိရှိ ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ တာဝန်ပေးခဲ့ပြီဖြစ်သည့်အတွက် ယခုအချိန်ကစပြီး မိမိတို့ရပ်ကွက်/ကျေးရွာများအား ကျစ်လစ်ခိုင်မာ ပါအောင်တည်ဆောက်ကြပြီး ပါတီအောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်းဖြစ် ပြောကြား သည်။
ထို့နောက် ရပ်ကျေးပါတီဥက္ကဋ္ဌများအား ပြည်နယ်ပါတီဥက္ကဋ္ဌ (ဗဟိုအလုပ်အမှူဆောင်) ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးခင်မောင်ဇော်၊ ဒေါ်မေသူဝင်း၊ ပြည်နယ်ပါတီအရံကော်မတီဝင် ဦးရန်လင်းအောင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၊ ခရိုင်ပါတီကော်မတီဝင် ဦးဇော်ဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်လင်းဦး၊ အတွင်းရေးမှူး ဦးအောင်ဆန်းဦး၊ မြို့နယ်ကော်မတီဝင် ဦးကိုကိုလေး (စီမံ) တို့မှ တာဝန် ပေးအပ်လွှာများအားပေးအပ်ကြရာ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများမှ တစ်ဦးချင်း လက်ခံရယူသည်။