မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌများ၊ လူငယ်ရေးရာ တာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ဗဟိုပါတီ၏လမ်းညွှန်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ လက်ရှိလတ် တလောအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ပြည်နယ်ကော်မတီ လူငယ်ရေးရာတာဝန်ခံ ဒေါ်က်တာတိုးတိုးအောင်က လူငယ်ရေးရာကိစ္စရပ်များ၊ မွန်ပြည်နယ် လူငယ်ရေးရာတွေ့ဆုံပွဲအခမ်းအနားအတွက် ဆောင်ရွက်မည့်ကိစ္စ ရပ်များအား ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပါတီရေးရာများ၊ ပြည်နယ်ပါတီ၏ အခြေအနေများအား ရှင်းလင်းဆွးနွေးခဲ့ပြီး မောင်လမြိုင်ခရိုင်နှင့် သထုံခရိုင်မှ ပါတီဥက္ကဋ္ဌများ ကမိမိတို့ခရိုင်လုပ်ဆောင်ချက်များ၊ အခြေအနေများအား ဆွေးနွေးခဲ့ သည်။ ထို့နောက်(၁ဝ) မြို့နယ် ပါတီဥက္ကဋ္ဌများက သိရှိလိုသည်များအား မေးမြန်းခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ပါတီကော်မတီဝင်များ၊ ခရိုင်နှစ်ခုမှပါတီဥက္ကဋ္ဌများ၊ (၁ဝ)မြို့နယ်မှ ပါတီဥက္ကဋ္ဌများနှင့် လူငယ်ရေးရာတာဝန်ခံများတက် ရောက်ခဲ့ကြပြီး မွန်းလွဲ ၁နာရီ မိနစ် ၂ဝ တွင် ရုပ်သိမ်းခဲ့သည်။