ပန်းဘဲတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံအကြို လူငယ်တွေ့ဆုံပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ပန်းဘဲတန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အကြို ညီလာခံ မြို့နယ်အဆင့် လူငယ်တွေ့ ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ရုံးတွင် အစီအစဉ်ကိုးရပ်ဖြင့် ကျင်းပခဲ့သည်။
တွေ့ဆုံပွဲအခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။ အစီအစဉ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုကော်မတီဝင် ဦးတင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံရေးကဏ္ဍနှင့်စပ်လျဉ်း၍ လူငယ် ဧခန့်ကို ကလည်းကောင်း၊ စည်းရုံးရေးကဏ္ဍနှင့်စပ်လျဉ်း၍ လူငယ် အိကဗျာမြင့်မိုရ်ချွန်းတို့ကလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ ရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌက အရွေးခံရသည့် လူငယ်များ၏ အမည်ကိုကြေညာပြီး အနောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်စန်းစန်း (၁) က နိဂုံးချုပ်စကားပြောကြားပြီး လူငယ်ညီလာခံအကြိုလူငယ် တွေ့ဆုံပွဲကို ပြီးမြောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့ နယ်ကော်မတီဝင်များ၊ ရပ်ကျေး ပါတီကော်မတီဝင်များနှင့် လူငယ် စုစုပေါင်း ၅ဝတက်ရောက်ခဲ့သည်။

ဧခန့်ကို