ရေးမြို့ ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာအဖွဲ့မှ နေရပ်စွန့်ခွာ ရခိုင်ပြည်သူ များအတွက် အလှူငွေလှူဒါန်း

 

မွန်ပြည်နယ် ရေးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ လူငယ်​​ရေးရာတာဝန်​ခံ ဦးသူရိန်​ တာဝန်​ယူကာ ၂၀၁၇ခုနှစ် စက်တင်ဘာ (၅) ရက်နေ့က ရေးမြို့ ရန်​ကြီး​အောင်​ရပ်​ကွက်​၊ ကွက်​သစ်​​ရပ်နေ ပါတီလူငယ်​များစု​ပေါင်းကာ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်း​ဒေသ ARSA ဘင်္ဂလီအကြမ်းဖက်​သမားများ တိုက်​ခိုက်​မှု​ကြောင့်​​ နေရပ်​စွန့်​ခွာ တိုင်းရင်းသားများအတွက်​ စု​ပေါင်း အလှူငွေ (၁၅၀၀၀၀)   ကျပ်​အား ပါတီရဲ့ကိုယ်​စား ရေးမြို့နယ်​လုံးဆိုင်​ရာ အလှူခံဌာနတွင်​ သွားရောက်​လှူဒါန်းခဲ့သည်။

မုဒုံမြို့နယ်​ပြည်​ခိုင်​ဖြိုး ရပ်​/ကျေးလပတ်​အစည်း​ဝေး ပြုလုပ်

 

မွန်​ပြည်​နယ်​ မုဒုံမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​နှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးအစည်းအ​ဝေးခန်းမ၌ ၂၀၁၇ခုနှစ်​ စက်​တင်​ဘာလ(၃)ရက်​​နေ့ နံနက်​(၁၁း၀၀)နာရီချိန်​မှစတင်​ကာ ရပ်​၊​ကျေးလပတ်​အစည်း အ​ဝေး ပြုလုပ်​ခဲ့သည်​။

အဆိုပါအစည်းအ​ဝေးတွင်​ မြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​​ကျော်​လွင်​မှ အထက်​ပါတီရဲ့ လမ်းညွန်​မှုများ၊ ပါတီ​ရှေ့ဆက်​​လုပ်​ဆောင်​သွားရမည့်​ ကိစ္စရပ်​များ၊ ​ရေးရာအလိုက်လုပ်​ဆောင်​​​​သွားရမည့် ကိစ္စရပ်​များအား ချပြ​ဆွေး​နွေးခဲ့သည်​။ ဆက်​လက်​ပြီး ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ဦးသက်​​ထွေးမှ ပါတီ​ကော်​မတီဝင်​များနှင့်​ ရပ်​​ကျေးအဖွဲ့ဝင်​များအား မီဒီယာကို တွင်​တွင်​ကျယ်​ကျယ်​အသုံးပြုကြရန်​ လမ်းညွန်​မှာကြားခဲ့ပြီး တက်​​ရောက်​လာကြသော ရပ်​​ကျေးစည်းမှူးတို့မှ သိရှိလိုတာများကို ​မေးမြန်း​ဆွေး​နွေးခဲ့ကြသည်​။

မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ဆွမ်းဆန်များ တက်ရောက်လောင်းလှူ

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ယနေ့ စက်တင်ဘာလ (၄) ရက် နံနက်ပိုင်းက (၁၈၄) ကြိမ်မြောက်      မော်လမြိုင်မြို့နယ် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဒုတိယနေ့တွင် သံဃာ၊ သာမဏေ၊ သီလရှင် များအား မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီနှင့်အတူ ဆွမ်းဆန်များ လောင်းလှူ ခဲ့သည်။

သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် လစ်လပ်နေရာများ ရွေးချယ်ပွဲကျင်းပ

 

သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် လစ်လပ်နေရာများရွေးချယ်ပွဲအား (၂၄.၈.၂၀၁၇)ရက်နေ့ ၁၁း၀၀နာရီအချိန် မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ပြည်နယ်ကော်မတီများ၊ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးကော်မတီ များ၊ သထုံခရိုင်ဥက္ကဌနှင့် ကော်မတီများ၊ သထုံ မြို့နယ်ဥက္ကဌနှင့် ကော်မတီများ၊ ရပ်/ကျေးခေါင်းဆောင်များ တက်ရောက်ခဲ့ပါသည်။

ပြည်နယ်ပါတီအတွင်းရေးမှူး ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့နယ်/ရပ်ကွက် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ ရှေ့လုပ်ငန်းစဉ်များရှင်းလင်းမှာကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မွန်ပြည်နယ်ပါတီအတွင်းရေးမှူးသည် ယမန်နေ့ နံနက် ၁၁ နာရီက ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ   ၌မော်လမြိုင် ခရိုင် ချောင်းဆုံမြို့နယ်မှ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ စည်းရုံးရေးမှူး များအားတွေ့ဆုံကာ ရှေ့ဆက်လုပ် ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များ နှင့်     စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ဘုရားရင်ပြင်သန့်ရှင်းရေး Green Star ပရဟိတလူငယ်အဖွဲ့လုပ်အားပေး

ကျိုက်မရော သြဂုတ် ၂၂

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီလူငယ်ရေးရာကော်မတီလှုပ်ရှားမှုအနေဖြင့် Green Star ပရဟိတလူငယ်အဖွဲ့မှ ဦးဇေယျာလင်း ဦးဆောင်သော ပရဟိတလူငယ်အဖွဲ့များသည် ယခုလ ၂ဝ ရက် နံနက် ၇ နာရီခွဲက ဘိန်းဗျောကျေးရွာ ကော့တာကျောင်းအတွင်းရှိ ရပ်တော်မူဘုရားနှင့် စေတီတော် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော်ရင်ပြင်ဆေးကြောခြင်း သန့်ရှင်းရေးလုပ်အားပေး ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပရဟိတလူငယ်အဖွဲ့မှ လစဉ်ဘုရားစေတီပုထိုးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများပြုလုပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများ ပြုပြင် လုပ်အားပေးခြင်း စသည့်ပရဟိတလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး ချောင်းဆုံရပ်/ကျေးစည်းမှူး များနှင့် တွေ့ဆုံ

မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးသည် ၂၀၁၇ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့ နံနက်(၁၁း၀၀)နာရီချိန်တွင် ချောင်းဆုံရပ်/ကျေး အဖွဲ့ဝင်များအား မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံရာတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ပါတီ ၏ရှေ့လုပ်ငန်းစဉ် များ၊ ပါတီဝင်အင်အားစီစစ်ရေးနှင့်ပါတီဝင်များ အနေ ဖြင့် ပြည်သူလူထုနှင့်တစ်သားတည်း ဖြစ်ရေဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန် မှာကြားခဲ့သည်။

ဘီးလင်းပြည်ခိုင်ဖြိုးပါတီ လုပ်ငန်ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုက်ထို၊ သြဂုတ် ၂၀

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဘီးလင်းပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ယနေ့ သြဂုတ် ၂၀ ရက်နေ့ နေ့လည် ၁၂နာရီတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာခင်မောင်သွင်မှ ပါတီရှေ့လုပ်ငန်းစဉ်များ၊ ပြည်နယ်ပါတီ၏ ဆောင်ရွက်ချက်များ၊ ပါတီအဆင့်ဆင့်၏လမ်းညွှန်ချက်များအား ချပြ ဆွေးနွေးပါသည်။

စက်လှေမတော်တဆ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးသူမိသားစုများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်

 

၁၇.၈.၂၀၁၇ရက်နေ့ မြောင်းမြမြို့နယ် ထုံးဘိုအလကခွဲသို့ တက်ရောက် နေသော ကန်ကြီးထောင့်မြို့နယ် လက်ဆောင်ကွင်းအုပ်စု အရှေ့စု၊ အလယ် စု၊ သိုင်းချောင်းကျေးရွာမှ ကျောင်းသူကျောင်းသား လေးများ(၁၆-၈- ၂၀၁၇) ရက်နေ့ ညနေ(၄း၀၀) နာရီအချိန် စက်လှေ မတော်တဆ နစ်မြုပ် ခဲ့ပါသဖြင့် အသက်ရှင် ၁၅ ဦး၊ ပျောက်ဆုံး ၃ ဦး တို့အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမြို့နယ်ကော်မတီဝင်များမှ အားပေးစကားပြောကြားပြီးထောက်ပံ့ငွေမျာ ပေးအပ်ခဲ့ကြောင်းသိရပါ သည်။