သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် လစ်လပ်နေရာများ ရွေးချယ်ပွဲကျင်းပ

 

သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် လစ်လပ်နေရာများရွေးချယ်ပွဲအား (၂၄.၈.၂၀၁၇)ရက်နေ့ ၁၁း၀၀နာရီအချိန် မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ပြည်နယ်ကော်မတီများ၊ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးကော်မတီ များ၊ သထုံခရိုင်ဥက္ကဌနှင့် ကော်မတီများ၊ သထုံ မြို့နယ်ဥက္ကဌနှင့် ကော်မတီများ၊ ရပ်/ကျေးခေါင်းဆောင်များ တက်ရောက်ခဲ့ပါသည်။

ပထမဦးစွာ သဘာပတိကြီးမှ အမှာစကားပြောကြားပြီး လစ်လပ်နေရာ များအတွက် အစားထိုးရွေးချယ်ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။ ရွေးချယ်ခံကော်မတီဝင်များမှ သဘာ ပတိရှေ့တွင်ကတိသစ္စာ ဆိုကြပြီးနောက် ပြည်နယ်ပါတီအတွင်းရေးမှူးမှ ပါတီ၏ရည်ရွယ်ချက်၊ မူဝါဒများနှင့် ကော်မတီဝင်များ၏တာဝန်များအား အကျယ်တဝင့်ရှင်းလင်း မှာကြားပြီး အခမ်းအနားကို နေ့လည် ၁း၃၀နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

Crd;