ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်နှင့် ဗဟိုကော်မတီဝင်တို့ ဘီးလင်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ ကျေး စည်းမှူးများအား တွေ့ဆုံ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီးရုံး အစည်းဝေးခန်းမ၌ စက်တင်ဘာ (၁၄) ရက်နေ့ နံနက် (၁၁) အချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် မွန်ပြည်နယ် ပါတီ ဥက္ကဌ ဦးအောင်ကြည်သိန်း၊ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးဝင်မော်ဦး တို့သည် ဘီးလင်းမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းမှ ဗဟို ဌာနချုပ်၏ လမ်းညွန်ချက်များ၊ မိမိပါတီ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအား ဆွေးနွေးပြောကြား၍ တက်ရောက်လာကြသော မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်/ကျေးစည်းမှူးများမှ သိရှိလိုတာများကို မေးမြန်ရာပြည်နယ်ပါတီဥက္ကဌ မှ ပြန်လှန် ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းအခမ်းအနားသို့ ပြည်နယ်ပါတီဥက္ကဌ၊ ပြည်နယ်ပါတီအတွင်းရေးမှူး၊ ပြည်နယ်ကော်မတီဝင် ဦးအောင် ကျော်သိန်း၊ သထုံခရိုင်ပါတီဥက္ကဌ ဦးကျော်မြင့်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးစောဥာဏ်ဝင်း၊ မော်လမြိုင်ခရိုင် ပါတီဥက္ကဌ ဦးစိုးထွန်း နှင့် ခရိုင်ပါတီအတွင်းရေးမှူး၊ ခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အရန်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ စုစုပေါင်း အင်အား (၇၅) ဦးခန့် တက်ရောက် ကြကြောင်း သိရှိရသည်။

ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်


Leave a Reply