ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဧရာဝတီတိုင်းဒေသကြီး ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားကျင်းပ

 

25-8-2017 ရက်နေ့ သောကြာနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းရုံးတွင် ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေးအခမ်းအနားအား ကျင်းပခဲ့ရာဗဟို    အတွင်းရေးမှူးဦးသန်းထွန်း၊တိုင်းဒေသကြီးပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊အရံပါတီကော်မတီဝင်များ၊ ခရိုင်၊မြို့နယ်ပါတီဥက္ကဌများ နှင့်ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းမှ အဖွင့်အမှာစကားပြောကြားကာ လစ်လပ်နေရာများအတွက် ဆန္ဒမဲပေးရွေးချယ်      ခဲ့ကြောင်း သတင်းရရှိပါသည်။