မြင်းခြံခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်/ကျေး ပါတီကော်မတီဝင်များ နှုတ်မှုစွမ်းရည်ပြိုင်ပွဲကျင်းပ

 

မန္တလေးတိုင်းဒေသကြီးမြင်းခြံ ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉နာရီခွဲ က ကျင်းပခဲ့သည်။

ရှေးဦးစွာ နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ် ပြီးနောက် ခရိုင်တာဝန်ခံဦးမြတ်သူက အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ပါတီ ဥက္ကဋ္ဌဦးကျော်တင်က    နှုတ်မှုစွမ်း ရည် ပြိုင်ပွဲကျင်းပ ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲမှာကျပန်း စကားပြောပြိုင်ပွဲ၊ စကားရည်လု ပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲတို့ဖြစ်ပြီး ပြိုင်ပွဲသို့ မြင်းခြံ၊ တောင်သာ၊နွားထိုးကြီးနှင့် ငါန်းဇွန် မြို့နယ်တို့မှ ရပ်/ကျေးပါတီကော်မတီဝင်များ ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ပြိုင်ပွဲအလိုက် ဆုရရှိသူများကို ပြိုင်ပွဲအပြီး ညနေ ၄နာရီတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင် များနှင့်ခရိုင်ပါတီကော်မတီဝင်များက ဆုများအသီးသီး ချီးမြှင့်ပေး အပ်ပြီး အကဲဖြတ်ဒိုင်လူကြီးများအား ခရိုင်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်ဇင်က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။

အခမ်းအနားသို့တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင့်လွင်ဦး နှင့် ဦးသန်းဌေး၊ ခရိုင်ပါတီကော် မတီဝင်များ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနှင့် ငါန်းဇွန်မြို့နယ် ရပ်/ကျေးပါတီကော်မတီ  ဝင်များ စုစုပေါင်းအင်အား ၁၂ဝကျော်တက် ရောက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)