ရေးမြို့ ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာအဖွဲ့မှ နေရပ်စွန့်ခွာ ရခိုင်ပြည်သူ များအတွက် အလှူငွေလှူဒါန်း

 

မွန်ပြည်နယ် ရေးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီမှ လူငယ်​​ရေးရာတာဝန်​ခံ ဦးသူရိန်​ တာဝန်​ယူကာ ၂၀၁၇ခုနှစ် စက်တင်ဘာ (၅) ရက်နေ့က ရေးမြို့ ရန်​ကြီး​အောင်​ရပ်​ကွက်​၊ ကွက်​သစ်​​ရပ်နေ ပါတီလူငယ်​များစု​ပေါင်းကာ ရခိုင်​ပြည်​နယ်​​မြောက်​ပိုင်း​ဒေသ ARSA ဘင်္ဂလီအကြမ်းဖက်​သမားများ တိုက်​ခိုက်​မှု​ကြောင့်​​ နေရပ်​စွန့်​ခွာ တိုင်းရင်းသားများအတွက်​ စု​ပေါင်း အလှူငွေ (၁၅၀၀၀၀)   ကျပ်​အား ပါတီရဲ့ကိုယ်​စား ရေးမြို့နယ်​လုံးဆိုင်​ရာ အလှူခံဌာနတွင်​ သွားရောက်​လှူဒါန်းခဲ့သည်။

ယင်းနောက် အဆိုပါအလှူခံဌာနတွင်လည်း ဝိုင်းဝန်းပါဝင် ကူညီ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#naylinnhtun