မုဒုံမြို့နယ်​ပြည်​ခိုင်​ဖြိုး ရပ်​/ကျေးလပတ်​အစည်း​ဝေး ပြုလုပ်

 

မွန်​ပြည်​နယ်​ မုဒုံမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​နှင့်​ဖွံ့ဖြိုး​ရေးပါတီရုံးအစည်းအ​ဝေးခန်းမ၌ ၂၀၁၇ခုနှစ်​ စက်​တင်​ဘာလ(၃)ရက်​​နေ့ နံနက်​(၁၁း၀၀)နာရီချိန်​မှစတင်​ကာ ရပ်​၊​ကျေးလပတ်​အစည်း အ​ဝေး ပြုလုပ်​ခဲ့သည်​။

အဆိုပါအစည်းအ​ဝေးတွင်​ မြို့နယ်​ပါတီဥက္ကဌ ဦး​ကျော်​​ကျော်​လွင်​မှ အထက်​ပါတီရဲ့ လမ်းညွန်​မှုများ၊ ပါတီ​ရှေ့ဆက်​​လုပ်​ဆောင်​သွားရမည့်​ ကိစ္စရပ်​များ၊ ​ရေးရာအလိုက်လုပ်​ဆောင်​​​​သွားရမည့် ကိစ္စရပ်​များအား ချပြ​ဆွေး​နွေးခဲ့သည်​။ ဆက်​လက်​ပြီး ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ဦးသက်​​ထွေးမှ ပါတီ​ကော်​မတီဝင်​များနှင့်​ ရပ်​​ကျေးအဖွဲ့ဝင်​များအား မီဒီယာကို တွင်​တွင်​ကျယ်​ကျယ်​အသုံးပြုကြရန်​ လမ်းညွန်​မှာကြားခဲ့ပြီး တက်​​ရောက်​လာကြသော ရပ်​​ကျေးစည်းမှူးတို့မှ သိရှိလိုတာများကို ​မေးမြန်း​ဆွေး​နွေးခဲ့ကြသည်​။

အဆိုပါအစည်းအ​ဝေးကို ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးသက်​​ထွေး၊ ဦး​ဇော်​မြင့်​၊ ​မော်​လမြိုင်​ခရိုင်​​ကော်​မတီဝင်​ ဦးမင်း​အောင်​မြင့်​ မုဒုံမြို့နယ်​ပါတီဥက္ကဌ၊ အတွင်း​ရေးမှူး၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​​ကျေးစည်းမှူးများ အင်​အားစုစု​ပေါင်း(၇၀)​ကျော်​ တက်​​ရောက်​ကာ မွန်းလွဲ(၀၁း၃၀)နာရီချိန်​တွင်​ အစည်းဝေးပြီး​မြှောက်​ခဲ့သည်​။

#naylinnhtun