မွန်ပြည်နယ် မော်လမြိုင်မြို့ ရပ်ကျေးမနလေးရပ်ကွက်၌ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ပုံပါ ပိုစတာဆိုက်ထူ

 

မော်လမြိုင်စက်တင်ဘာ ၂၁ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မဲဆနနယ်အမှတ်၁ မနလေးရပ်ကွက် အတရံဟိုတယ်ရှေ့ လမ်းဆုံနေရာ၌ ယမန်နေ့နေ့လည် ၁၂ နာရီတွင် ၂၀၂၀ ရွေးကောက်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်မည့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ပုံများပါသည့် ပိုစတာတစ်ချပ်အား စိုက်ထူခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်း

 

ကျိုက်ထို ၊စက်တင်ဘာ ၉

ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီနာယက ဦးမြင့်ဆွေ ဦးဆောင်သည့် သိမ်ဇရပ်မြို့ မြို့နယ်ကော်မတီ၀င်များနှင့် ပါတီ၀င်လူငယ်များသည့် သိမ်ဇရပ်မြို့ရှိ မြသိန်းတန် စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း အမှိုက်များ သန့်ရှင်းခြင်း မြတ်များနှုတ်ခြင်း သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။


ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ COVID-19 ကာလအဆင်ပြေရေးအတွက်ပစ္စည်းများထောက်ပံ့လှူဒါန်း

 

ကျိုက်ထို၊ စက်တင်ဘာ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကျိုက်ထိုမြို့နယ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊ အတွင်ရေးမှူး ဦးကြည်စိုး၊ လူငယ်ရေးရာ တာ၀န်ခံ ဦးဖြိုးဝေစံနှင့် လူငယ်အဖွဲ့များသည် ယမန်နေ့က ကျိုက်ထိုမြို့နယ် တောင်ပိုင်းရပ်ကွက် တိုးချဲ့တွင် ယနေ့နံနက်ပိုင်း အိမ်ထောင်စု ၅၅စု အတွက် COVID-19 ကာလ မိသားစုများ အဆင်ပြေနိုင်စေရေး အတွက် ဆန်၊ ဆီ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ကျိုက်ထို၊ သြဂုတ် ၂၅

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ညနေ ၃ နာရီတွင် ဘိုရားကြီးကျေးရွာ အင်းခွပ် ကျောင်းဆရာတော် အားဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊၊ မြို့နယ်ပါတီကော်မတီဝင် ဦးဖြိုးဝေစံ၊ ဘိုရားကြီးကျေးရွာ ရပ်ကျေးပါတီဥက္ကဌ ဦးကျော်အောင်တို့သည် အင်းခွပ်ကျောင်း ဆရာတော်အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြ​ပါသည်။

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်း

 

ကျိုက်ထို၊ သြဂုတ် ၂၄

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၁၀နာရီတွင် စစ်တောင်စံပြ ကျေးရွာ ဟေမာမြိုင်ဆရာတော် အားဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ ဗဟိုပါတီ ကော်မတီ၀င် ဉီးဌေးလွင်၊မြို့နယ်ပါတီ နာယက ဦးစိုး၀င်း၊ဦးမြင့်ဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊အတွင်းရေးမှူး ဦးကြည်စိုး၊ မြို့နယ်ပါတီ ကော်မတီဝင်တို့သည် ဟေမာမြိုင် ဆရာတော် အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြ​ပါသည်။

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ကျိုက်ထို၊ သြဂုတ် ၂၀

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၁၀နာရီတွင် ကမ်းနီ ကျေးရွာ ဆရာတော် အား ဝါဆိုသင်္ကန်းနှင့် ဝတ္တုငွေ {၃၀၀၀၀} ကျပ် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ မြို့နယ်ပါတီနာယက ဦးမြင့်ဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး မြို့နယ်ပါတီကော်မတီဝင် များသည် ကမ်းနီ ကျေးရွာ ဆရာတော် အား ဝါဆိုသင်္ကန်းနှင့် ၀တ္တုငွေ {၃၀၀၀၀} ကျပ် အား ဆက်ကပ်လှူဒါန်းခဲ့ကြ​ပါသည်။ပြည်ခိုင်ဖြိုးပါတီ ကျိုက်ထိုမြို့နယ်

သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁၁/၂၀၂၀)

သဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “မွန်ပြည်နယ်” ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆန် နှင့် ဆီဗူးများ လှူဒါန်း

 

ကျိုက်ထို၊ဇူလိုင် ၃၀

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီ နာယက ဦးစိုး၀င်း၊ ဦးမြင့်ဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊အတွင်းရေးမှုး ဦးကြည်စိုးနှင့် မြို့နယ်ကော်မတီ၀င်များ မှကျိုက်ထိုမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံဆိုင်းဂီတအသင်း၀င်(၁၀၀)ဦး အား ဆန် နှင့် ဆီဗူးများလှူဒါန်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ကျိုက်ထိုမြို့နယ်


မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပညာရေးဌာနသို့ Mask များလှူဒါန်းခြင်းနှင့် ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်

 

မုဒုံ ဇွန် ၂၃

မွန်ပြည်နယ် ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင် ပါတီကော်မတီဝင် ဦးမင်းအောင်မြင့်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သက်တင်နှင့် ပါတီကော်မတီဝင်များသည် အထက (၁) တွင် ဖွင့်လှစ်သင်ကြား လျက်ရှိသော Grade- 7 အထိ သင်ရိုးသစ်သင်တန်းသို့ တက် ရောက်နေသော သင်တန်းသား ဆရာဆရာမများ၊ နည်းပြများ၊ ကြီးကြပ်သူများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၆ဝဝ အတွက် Mask ၁၂ဝဝကို သွားရောက်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက လက်ခံရယူသည်။

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်။

 

ကျိုက်ထို၊ဇွန် ၂၃

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုပါတီကော်မတီဝင် ဦးဌေးလွင်၏ လမ်းညွန်မှုဖြင့် မြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးဇေယျာဦး ဦးဆောင်ပြီး ကျိုက်ထိုမြို့နယ် မြောက်ပိုင်း ရပ်ကွက် ရှိ ရေဝပ်သော လမ်းများ နှင့် တိုးချဲ့ ရပ်ကွက်ရှိ လမ်းများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။