ဘုရားရင်ပြင်သန့်ရှင်းရေး Green Star ပရဟိတလူငယ်အဖွဲ့လုပ်အားပေး

ကျိုက်မရော သြဂုတ် ၂၂

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီလူငယ်ရေးရာကော်မတီလှုပ်ရှားမှုအနေဖြင့် Green Star ပရဟိတလူငယ်အဖွဲ့မှ ဦးဇေယျာလင်း ဦးဆောင်သော ပရဟိတလူငယ်အဖွဲ့များသည် ယခုလ ၂ဝ ရက် နံနက် ၇ နာရီခွဲက ဘိန်းဗျောကျေးရွာ ကော့တာကျောင်းအတွင်းရှိ ရပ်တော်မူဘုရားနှင့် စေတီတော် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ချုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော်ရင်ပြင်ဆေးကြောခြင်း သန့်ရှင်းရေးလုပ်အားပေး ကုသိုလ်ဒါနပြုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပရဟိတလူငယ်အဖွဲ့မှ လစဉ်ဘုရားစေတီပုထိုးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများပြုလုပ်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများ ပြုပြင် လုပ်အားပေးခြင်း စသည့်ပရဟိတလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသန့်ရှင်းရေးလုပ်အားဒါနပြုကုသိုလ်ယူရာ သို့Green Star ပရဟိတ လူငယ်အဖွဲ့ခေါင်းဆောင် မြို့နယ်ပါတီ လူငယ်ရေးရာတာဝန်ခံ ဦးဇေယျာလင်းနှင့် ပရဟိတလူငယ်အဖွဲ့ဝင် ၃ဝ ပါဝင်ကုသိုလ်ယူခဲ့ကြကြောင်းသိရသည်။

အောင်မောင်း(ရာမညမြေ)