မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှဒေသခံပြည်သူများနှင့်တွေ့ဆုံ

(၁၁-၁၂-၂၀၂၂)ရက်နေ့နံနက်(၁၀)နာရီအချိန်တွင်တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကော်မတီ ဝင်များနှင့်စဉ့်ကိုင်မြို့နယ်၊တဘက်ဆွဲကျေးရွာမှဒေသခံပြည်သူများတွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲ တွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက နိူင်ငံတော်တွင် ဖြစ်ပေါ်နေသောနိူင်ငံရေးအခြေအနေများ နှင့်ပြည်ခိုင်ဖြိုးပါတီမှဆောင်ရွက်လျက် ရှိသော လုပ်ငန်းစဉ်များ အား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးပါတီအတွင်းရေးမှုးဦးညွန့်ဆောင်က ပြည်ခိုင်ဖြိုး ပါတီမ ှဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များ၊ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် ဒေသခံပြည်သူ  များမှပူးပေါင်းပါဝင်ဆောင်ရွက်ပေးရေးဆွေးနွေးပြောကြားခဲ့ပါသည်။ ၎င်းနောက် ဒေသခံပြည်သူများမှ ဒေသအခြေအနေများနှင့် တဘက်ဆွဲကျေးရွာသုဿန်အဝင်လမ်းပျက်ဆီးနေသည့်အတွက် ပြုပြင်ပေးရန် အကူအညီတောင်းခံတင်ပြလာမှုအပေါ် တိုင်းဒေသကြီးပါတီမှ အလှူငွေ(၃)သိန်းကျပ်အား လှူဒါန်းခဲ့ ပါသည်။  ယနေ့ကျင်းပသည့်တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ဦးမြတ်သူ၊ဦးတင့်လွင်ဦး၊ဒေါ်ဝါဝါလှိုင်၊ ကျောက်ဆည် ခရိုင် ဥက္ကဌဦးအောင်မြင့်သန်း၊ဘဏ္ဍာရေးမှုးဒေါ်ခင်နွယ်မြင့်၊ စဉ့်ကိုင်မြို့နယ်ဥက္ကဌ ဦးထွန်းထွန်းနိူင် နှင့်  ကော်မတီဝင်များ၊ရပ်/ ကျေးပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊  ရပ်မိ/ ရပ်ဖများ ၊First Time Volter များ၊ စုစုပေါင်းအင်အား(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။