လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား

 

လွိုင်ကော်၊ ဇန်န၀ါရီ( ၈ )

ယနေ့ ၈ – ၁ -၂၀၁၈ ရက်နေ့ နေ့လည် (၁း၀၀) နာရီအချိန် ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော လူငယ်ရေးရာလှုပ်ရှားမှု ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ပါသည်။

၎င်းပြိုင်ပွဲတွင် ဆုရရှိသောအသင်းအား အောက်ပါအတိုင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ကြပါသည်။
ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေမှ တိယဆုရရှိသော ထေးဌားလျား အသင်းအားလည်းကောင်း၊ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဌေးရယ်မှ ဒုတိယဆုရရှိသော (၄) မိုင်စံပြအသင်းအား လည်းကောင်း၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေ မှ ပထမဆုရရှိသော ဒေါဥခူအသင်းအား လည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ကြပါသည်။

ဆက်လက်ပြီး ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့်မှ ဒိုင်ချုပ်ဦးသန်းဌေးအောင် သို့လည်းကောင်း၊ လွိုင်ကော်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးမျိုးမြင့်ဦးက ဒိုင်အဖွဲ့ ၀င် ဦးပိုင်ကိုကိုဟိန်းထံသို့ လည်းကောင်း အသီးသီး အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြပါသည်။

တတိယဆုရရှိသော ထေးဌားလျားအသင်းအား ယခုနှစ် (၆၆) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်တွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခွင့်အဖြစ် ရွှေးချယ် ထားပါကြောင်း အသိပေးအပ်ပါ သည်။

ယနေ့ကျင်းပပြုလုပ်သော လူငယ်ရေးရာလှုပ်ရှားမှု ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတွင် ကယား ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ကော်မတီဝင် များဖြစ်ကြသော ဦးကျော်မြင့်နှင့် ဒေါ်ဗျားမြာမောင်၊ လွိုင်ကော်ခရိုင်ပါတီဥက္ကဌ ဦးမျိုးမြင့်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ လွိုင်ကော်မြို့နယ်ပါတီဥက္ကဌ ဦးမောင်ရွှေနှင့် မြို့နယ်ကော်မတီဝင်များ၊ ပိုက်ကျော်ခြင်းဒိုင်အဖွဲ့ ဦးသန်းဌေးအောင်နှင့်အဖွဲဝင်များ၊ အားကစား သမားများ စုစုပေါင်းအင်အား (၅၀) ဦး တက်ရောက်ကြောင်း သိရှိရသည်။

မမောင်(ချိကယ်သူ)