ပျော်ဘွယ်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်ပြီး ဝတ်ရွတ်ပြိုင်ပွဲ ပြုလုပ်မည်

 

ပျော်ဘွယ်၊ သြဂုတ် ၂၇

ပျော်ဘွယ်မြို့နယ်တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ပျော်ဘွယ်မြို့နယ် သာသနာနုဂ္ဂဟအသင်း ပူပေါင်းပြီး ဝတ်ရွတ်ပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ပျော်ဘွယ်မြို့နယ် ကျေးရွာအုပ်စု ၈၄ စုမှာ ရှိတဲ့ ကျေးရွာတွေ၊ ပျော်ဘွယ်မြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခုက ဝတ်ရွတ်အသင်းတွေနဲ့ ကျောင်းသူကျောင်းသားတွေက ဝတ်ရွက်ပြိုင်ကြမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောကြားခဲ့ပါသည်။

ဝတ်ရွတ်ပြိုင်ပွဲကို အပတ်စဉ် အဖိတ်နေတိုင်းမှာ နံနက် ၇ နာရီကနေ ညနေ ၆ နာရီအထိ ပြိုင်ပွဲဝင်တွေက ဝတ်ရွတ်ပြိုင်ကြရမှာဖြစ်ပါသည်။