ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး ချောင်းဆုံရပ်/ကျေးစည်းမှူး များနှင့် တွေ့ဆုံ

မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးသည် ၂၀၁၇ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့ နံနက်(၁၁း၀၀)နာရီချိန်တွင် ချောင်းဆုံရပ်/ကျေး အဖွဲ့ဝင်များအား မြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံရာတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ပါတီ ၏ရှေ့လုပ်ငန်းစဉ် များ၊ ပါတီဝင်အင်အားစီစစ်ရေးနှင့်ပါတီဝင်များ အနေ ဖြင့် ပြည်သူလူထုနှင့်တစ်သားတည်း ဖြစ်ရေဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန် မှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ပြည်နယ်ပါတီကော်မတီဝင်များ၊ မော်လမြိုင်ခရိုင်ပါတီ ဥက္ကဌ နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ၊ အတွင်းရေး မှူး၊ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများ စုစုပေါင်းအင် အား (၆၅) ဦး တက်ရောက်ကာ မွန်းလွှဲ (၁၂း၃၀) နာရီချိန်တွင် ပြီးမြှောက် ခဲ့သည်။

#naylinnhtun