ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ဘုတလင် အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟို အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး ၌ ကျင်းပခဲ့သည်။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး စစ်ကိုင်းတိုင်း​ဒေသကြီး တမူးမြို့ရှိ စေတီ​တော်​မြတ်​များနှင့် ဆရာတော်သံဃာတော်များအား ဖူး​မျှော်​ကြည်​ညို

 

တမူး၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ အောက်တိုဘာလ ၁၁ ရက် နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် တမူးခရိုင်​၊ တမူးမြို့နယ်​ရှိ ​ကျွန်း​တော​ရေရှင်​ ဘုန်း​တော်​ကြီးသင်​ ပညာ​ရေး​ကျောင်းမှ ​ကျောင်းထိုင်​ဆရာ​တော်​ ဘဒ္ဒန္တ စန္ဒာဝရ အားလည်းကောင်း၊ ​ဂဏပါ​မောက္ခ​ကျောင်းတိုက်​ ဦးစီးပဓာနနာယက အဂ္ဂ မဟာဂန္ထဝါစကပဏ္ဏိတဘွဲ့တံဆိပ်​​တော်​ရ နိုင်​ငံ​တော်​သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ သက်​​တော်​ရှည်​ဆရာ​တော်​ ဘဒ္ဒန္တပညိန္ဒ အားလည်းကောင်း၊ မြို့မ​ကျောင်းတိုက်​တွင်​ တိုက်​အုပ်​ဆရာ​တော်​ဘဒ္ဒန္တမာနိတသီရိ အမှူးရှိ​သော သံဃာ​တော်​အရှင်​သူမြတ်​ အားလည်းကောင်း၊ က​လေးမြို့နယ်​ထေရဝါဒသာသနာပြုဗဟိုဌာနချုပ် သာသန​ဝေပုလ္လ​အေးပါ​စေ​ကျောင်းဆရာ​တော်​ အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ ဘဒ္ဒန္တ ဇဝန တို့အား ဖူး​မျှော်​ကြည်​ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး စစ်ကိုင်းတိုင်း​ဒေသကြီး ကလေးမြို့ရှိ မဟာသာကပဋိမာ ​ရေဆန်​ကျွန်းမြတ်​ ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​အား ဖူးမျှော်ကြည်ညို

 

ကလေး၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီအချိန်တွင် ကလေးခရိုင်​၊ ကလေးမြို့ရှိ မဟာသာကပဋိမာ ​ရေဆန်​ကျွန်းမြတ်​ ဗုဒ္ဓရုပ်​ပွား​တော်​မြတ်​အား ဖူး​မျှော်​ကြည်​ညိုပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး စစ်ကိုင်းတိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ် ရပ်ကျေးအဆင့် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

တမူး အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အဆင့်ပါတီ တာဝန်ရှိသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။

တမူးမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ၏ ၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေး မဲဆန္ဒရှင်​ပြည်​သူလူထုနှင့်​ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

 

အောက်​တိုဘာ ၁၁၊ တမူး

စစ်ကိုင်းတိုင်း​ဒေသကြီး၊ တမူးခရိုင်​၊ တမူးမြို့နယ်​၊ ခမ်းပါတ်​မြို့တွင်​ တမူးမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ၏ ၂၀၁၈ကြားဖြတ်​​ ရွေး​ကောက်​ပွဲ​​အောင်​နိုင်​​ရေး မဲဆန္ဒရှင်​ ပြည်​သူလူထုနှင့်​​တွေ့ဆုံပွဲအခမ်းအနားအား ယ​နေ့နံနက်​(၁၀)နာရီကကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​​ဌေး တက်​​ရောက်​အား​ပေးချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ တမူးမြို့နယ်​ မဲဆန္ဒနယ်​အမှတ်​(၂)တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးရိုထန်းပွီးယာအား မဲဆန္ဒရှင်​ပြည်​သူများထံ မိတ်​ဆက်​အပ်​နှံ၍ ကိုယ်​စားလှယ်​​လောင်း၏ ကိုယ်​​ရေးအကျဉ်းအား တမူးမြို့နယ်​ပါတီဥက္ကဋ္ဌမှ ဖတ်​ကြား​ပေးခဲ့သည်​။

ဆားလင်းကြီးတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဆားလင်းကြီး အောက်တိုဘာ ၁ဝ

ယင်းမာပင်ခရိုင်ဆားလင်းကြီးမြို့ အမှတ်(၁)ရပ်ကွက် ဦးအောင်ဖေ ၏နေအိမ်၌ ယမန်နေ့တွင် ပြုလုပ် သည့် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားသို့ ယင်းမာပင် ခရိုင်ပါတီအတွင်းရေးမှူး ဦးမြင့်စိုး၊ ခရိုင်ပါတီကော်မတီဝင်ဦးညွန့်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါ်ကြူကြူစိန်၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးအောင်သန်း၊ မြို့ နယ်ပါတီကော်မတီဝင် ဒေါ်ကြည် ကြည်ခိုင်(အမျိုးသမီးရေးရာတာ ဝန်ခံ)နှင့် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများနှင့် ပါတီဝင်များ စုစုပေါင်းအင်အား ၄ဝတက်ရောက်ကြ၍ အမွှေးနံ့သာ ရည်များဖြင့်ပက်ဖျန်းကာ ဆိုင်း ဘုတ်တင်ခဲ့ကြသည်။

ဗဟိုအမျိုးသမီးညီလာခံ ဂုဏ်ပြုကြိုဆို အင်းတော်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့စုပေါင်းလှုပ်ရှားမှုဆောင်ရွက်

 

အင်းတော် အောက်တိုဘာ ၁ဝ

အင်းတော်မြို့နယ်ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၈နာရီခွဲကမြို့နယ်အမျိုးသမီးရေး ရာပါတီဝင်များစုပေါင်း၍ မကာရ လောပအကျော် မန်လည်ဆရာ တော်ရုပ်ကလာပ်တည်ရှိရာ မန် လည်ကျောင်းဝင်းအဝင်လမ်းကွန် ကရစ်ခင်းရာတွင် ဒေသခံရွာသူ ရွာသားများနှင့်အတူပါဝင်လုပ်အား ပေးဆောင်ရွက်ခဲ့ကြသည်။

ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြု မော်လိုက်ပြည်ခိုင်ဖြိုးမှ အာဟာရလှူဒါန်း

 

မော်လိုက် အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအမျိုးသမီးညီလာခံ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လိုက်မြို့နယ် မြို့မကျောင်းရှိ ဓမ္မစကူးလ်ကျောင်းသားကျောင်းသူ ၃၂၄ ဦးအား ယမန်နေ့နံနက် ၁ဝ နာရီခွဲက နေ့လယ်စာအာဟာရဒါနအဖြစ် ထမင်းကျွေးမွေးခဲ့ပြီး ဆောက် လုပ်ဆဲဆွမ်းစားကျောင်းဆောင်သစ် အတွက် အလှူငွေကျပ် ၅ဝဝဝဝ အား လှူဒါန်းခဲ့သည်။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ပြည်သူနှင့်တွေ့ဆုံစည်းရုံးဟောပြော

 

တမူး အောက်တိုဘာ ၈

တမူးပြည်ခိုင်ဖြိုးပါတီနှင့် ကိုယ်စားလှယ်လောင်းဦးရိုထန်းပွီး ယာတို့သည် ယမန်နေ့က ခမ်းပါတ် (၂)နှင့်(၁)ရပ်ကွက်ပြည်သူများ နှင့် တွေ့ဆုံပြီး မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။ ခရိုင်ကော်မတီဝင် ဦးအောင်ကိုလတ်က မဲထည့်နည်းစနစ်ကိုရှင်းပြခြင်း၊ ကိုယ်စားလှယ် လောင်းက မိတ်ဆက်စကားပြောကြားခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ မဲဆွယ် စည်းရုံးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း၊ တိုင်းကော်မတီဝင် ဦးမင်းမင်းဇေယျာမြင့်၊ ခရိုင်/မြို့နယ်မှ ပါတီကော်မတီဝင်များလည်း တက်ရောက်အားပေးခဲ့ကြောင်း သိရ သည်။