ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

 

ဘုတလင် အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟို အမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အပိုင်းသုံးပိုင်း ခွဲ၍ ကျင်းပရာတွင် နိုင်ငံတော် အလံအား အလေးပြုပြီး နိုင်ငံတော် သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။အခမ်းအနားပထမပိုင်းတွင် သဘာပတိအဖွဲ့ဝင်များ နေရာယူ ပြီးနောက် မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးက နှုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပါတီကော်မတီဝင် ဒေါ်ပပ သင်းက ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များ ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားဒုတိယပိုင်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့လေးဖွဲ့ဖွဲ့စည်းကာ အမျိုးသမီးများနှင့် မြန်မာ့နိုင်ငံရေးအခန်း ကဏ္ဍမြှင့်တင်ရေး၊ အမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှု နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးထုအတွင်း အမျိုး ဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အမျိုးသမီးပါတီဝင်သစ်များစုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေးစာတမ်းများ ဆွေးနွေးပြုစု၍ ဖတ်ကြားတင် သွင်းခဲ့ကြသည်။

အခမ်းအနားတတိယပိုင်း ပြန်လည်ကျင်းပရာတွင် အစုအဖွဲ့လေးဖွဲ့ က ဆွေးနွေးတင်သွင်းခဲ့သောဆွေးနွေးချက်၊ တွေ့ရှိချက်များကို သဘာ ပတိကြီးက အစည်းအဝေးအတည်ပြုချက်ရယူ၍ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ချက်ချခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ဘုတလင် မြို့နယ်ပါတီဥက္ကဋ္ဌဦးဝင်းလှိုင်က အခမ်းအနား နိဂုံးချုပ်အမှာစကားပြော ကြားကာ ပြည်ခိုင်ဖြိုးဟေ့ သီချင်းဖြင့် အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်မုံရွာခရိုင်တာဝန်ခံ ဒေါက်တာဝင်းမြင့်အောင်၊တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ညွန့်ညွန့်ဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ ဘုတလင်မြို့နယ်တာဝန်ခံခရိုင်ပါတီကော်မတီဝင် ဦးစိန်ဝင်းလှိုင်နှင့် ခရိုင် ပါတီကော်မတီဝင်များတက်ရောက်အားပေးခဲ့ကြပြီး ဘုတလင်မြို့နယ် ပါတီကော်တီဝင်များနှင့် ဘုတလင်မြို့နယ်မှ အမျိုးသမီးရေးရာ ကိုယ်စား လှယ် ၁၂ဝ စုစုပေါင်းအင်အား ၁၆ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ရွှေကျီစု(ဘုတလင်)