တမူးမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ၏ ၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေး မဲဆန္ဒရှင်​ပြည်​သူလူထုနှင့်​ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

 

အောက်​တိုဘာ ၁၁၊ တမူး

စစ်ကိုင်းတိုင်း​ဒေသကြီး၊ တမူးခရိုင်​၊ တမူးမြို့နယ်​၊ ခမ်းပါတ်​မြို့တွင်​ တမူးမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ၏ ၂၀၁၈ကြားဖြတ်​​ ရွေး​ကောက်​ပွဲ​​အောင်​နိုင်​​ရေး မဲဆန္ဒရှင်​ ပြည်​သူလူထုနှင့်​​တွေ့ဆုံပွဲအခမ်းအနားအား ယ​နေ့နံနက်​(၁၀)နာရီကကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​​ဌေး တက်​​ရောက်​အား​ပေးချီးမြှင့်​ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုဖွင့်​လှစ်​ပြီး​နောက်​ တမူးမြို့နယ်​ မဲဆန္ဒနယ်​အမှတ်​(၂)တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးရိုထန်းပွီးယာအား မဲဆန္ဒရှင်​ပြည်​သူများထံ မိတ်​ဆက်​အပ်​နှံ၍ ကိုယ်​စားလှယ်​​လောင်း၏ ကိုယ်​​ရေးအကျဉ်းအား တမူးမြို့နယ်​ပါတီဥက္ကဋ္ဌမှ ဖတ်​ကြား​ပေးခဲ့သည်​။

ထို့​နောက်​ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေးက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားခဲ့ပြီး​နောက်​ မဲဆန္ဒရှင်​ပြည်​သူတစ်​ဦးက ကိုယ်​စားလှယ်​​လောင်းအား ကြိုဆို​ထောက်​ခံစကား​ပြောကြားခဲ့သည်​။

ဆက်​လက်​၍ တမူးမြို့နယ်​ မဲဆန္ဒနယ်​အမှတ်​(၂)တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးရိုထန်းပွီးယာမှ မဲဆန္ဒရှင်​ပြည်​သူအား နှုတ်​ခွန်းဆက်​စကားပြောကြား၍ အခမ်းအနားကို ​ကြွေး​ကြော်​သံများဖြင့်​ ရုပ်​သိမ်းခဲ့သည်​။

အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး ၊ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော စစ်​ကိုင်းတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံ ဦးမြင့်​စိုး ၊ဦးဝဏ္ဏ​မောင်​လွင်​၊ စစ်​ကိုင်းတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ​​ဒေါက်​တာ​မြင့်​သိန်း၊ ဗဟို​ကော်​မတီဝင်​ ဒေါက်​တာနန္ဒာလှမြင့်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ တမူးခရိုင်​မှ ပါတီဥက္ကဋ္ဌနှင့်​ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ တမူးမြို့နယ်​ မဲဆန္ဒနယ်​အမှတ်​(၂)တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်းဦးရိုထန်းပွီးယာ၊ တမူးမြို့နယ်​ပါတီဥက္ကဋ္ဌနှင့်​မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ မဲဆန္ဒရှင်​ပြည်​သူများအပါအဝင်​ စုစု​ပေါင်းအင်အား (၂၀၀၀) ဦးခန့်​တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။