ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး စစ်ကိုင်းတိုင်း​ဒေသကြီး တမူးမြို့ရှိ စေတီ​တော်​မြတ်​များနှင့် ဆရာတော်သံဃာတော်များအား ဖူး​မျှော်​ကြည်​ညို

 

တမူး၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိနေသော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ အောက်တိုဘာလ ၁၁ ရက် နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် တမူးခရိုင်​၊ တမူးမြို့နယ်​ရှိ ​ကျွန်း​တော​ရေရှင်​ ဘုန်း​တော်​ကြီးသင်​ ပညာ​ရေး​ကျောင်းမှ ​ကျောင်းထိုင်​ဆရာ​တော်​ ဘဒ္ဒန္တ စန္ဒာဝရ အားလည်းကောင်း၊ ​ဂဏပါ​မောက္ခ​ကျောင်းတိုက်​ ဦးစီးပဓာနနာယက အဂ္ဂ မဟာဂန္ထဝါစကပဏ္ဏိတဘွဲ့တံဆိပ်​​တော်​ရ နိုင်​ငံ​တော်​သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ သက်​​တော်​ရှည်​ဆရာ​တော်​ ဘဒ္ဒန္တပညိန္ဒ အားလည်းကောင်း၊ မြို့မ​ကျောင်းတိုက်​တွင်​ တိုက်​အုပ်​ဆရာ​တော်​ဘဒ္ဒန္တမာနိတသီရိ အမှူးရှိ​သော သံဃာ​တော်​အရှင်​သူမြတ်​ အားလည်းကောင်း၊ က​လေးမြို့နယ်​ထေရဝါဒသာသနာပြုဗဟိုဌာနချုပ် သာသန​ဝေပုလ္လ​အေးပါ​စေ​ကျောင်းဆရာ​တော်​ အဂ္ဂမဟာ သဒ္ဓမ္မ​ဇောတိကဓဇ ဘဒ္ဒန္တ ဇဝန တို့အား ဖူး​မျှော်​ကြည်​ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​ဇနီး​ဒေါ်စိုးဝတ်​ရည်​၊ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်းနှင့်​ဇနီးဒေါ်မြင့်​မြင့်​စိုး၊ ဗဟိုအလုပ်​အမှု​ဆောင်​ ဦးဝဏ္ဏ​မောင်​လွင်​နှင့်​ဇနီး​ဒေါ်လင်းလင်းတင်​၊ ဗဟိုအလုပ်​အမှု​ဆောင်​ဦးမြင့်​စိုးနှင့်​ဇနီး​ဒေါ်ခင်​မြဦး၊ စစ်​ကိုင်းတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ​ ဒေါက်​တာမြင့်​သိန်း၊ ဗဟို​ကော်​မတီဝင်​​ဒေါက်​နန္ဒာလှမြင့်​နှင့် အဖွဲ့ဝင်များ သွားရောက်ကြည်ညို ပူဇော်ခဲ့ကြသည်။