ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြု မော်လိုက်ပြည်ခိုင်ဖြိုးမှ အာဟာရလှူဒါန်း

 

မော်လိုက် အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအမျိုးသမီးညီလာခံ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လိုက်မြို့နယ် မြို့မကျောင်းရှိ ဓမ္မစကူးလ်ကျောင်းသားကျောင်းသူ ၃၂၄ ဦးအား ယမန်နေ့နံနက် ၁ဝ နာရီခွဲက နေ့လယ်စာအာဟာရဒါနအဖြစ် ထမင်းကျွေးမွေးခဲ့ပြီး ဆောက် လုပ်ဆဲဆွမ်းစားကျောင်းဆောင်သစ် အတွက် အလှူငွေကျပ် ၅ဝဝဝဝ အား လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းပွဲသို့ ပြည်ခိုင် ဖြိုးပါတီခရိုင်အတွင်းရေးမှူး ဒေါ် စန္ဒာသိန်း၊ ခရိုင်အမျိုးသမီးရေးရာ တာဝန်ခံဒေါ်ခင်ဥနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးမင်းဇော်နှင့် မြို့နယ်ကော် မတီဝင်များ၊ လူငယ်ရေးရာတာ ဝန်ခံဦးဆန်းဦး၊ အမျိုးသမီးရေးရာ တာဝန်ခံဒေါ်ခင်စန်းမိုးနှင့် အမျိုး သမီးရေးရာအဖွဲ့ဝင်များစုပေါင်း ပါဝင်ခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအေး(မော်လိုက်)