ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး စစ်ကိုင်းတိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ် ရပ်ကျေးအဆင့် ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

 

တမူး အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးအစည်း အဝေးခန်းမတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး အဆင့်ပါတီ တာဝန်ရှိသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ခရိုင်၊ မြို့နယ် များမှပါတီတာဝန်ရှိသူများမိမိတို့၏ သက်ဆိုင်ရာနယ်မြေအလိုက် တင် ပြလာမှုများနှင့်စပ်လျဉ်း၍ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီဗဟို အလုပ်အမှုဆောင် စစ်ကိုင်းတိုင်း ဒေသကြီးတာဝန်ခံ ဦးမြင့်စိုးတို့က လိုအပ်သည်များကို ဖြည့်စွက်ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက် ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့် စိုးတို့က ကြားဖြတ်ရွေးကောက်ပွဲ တွင် ပါတီအောင်နိုင်ရေးကိစ္စများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ပါတီအထွေ ထွေအတွင်းရေးမှူး ဦးသက်နိုင် ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသောစစ်ကိုင်းတိုင်းဒေသ ကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဦးဝဏ္ဏ မောင်လွင်၊ စစ်ကိုင်းတိုင်းဒေသ ကြီး ပါတီဥက္ကဋ္ဌဒေါက်တာမြင့် သိန်း၊ဗဟိုကော်မတီဝင်ဒေါက်တာ နန္ဒာလှမြင့်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ တမူးခရိုင်မှ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ တမူး မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်းဦးရိုထန်းပွီးယာ၊တမူး မြို့နယ်ပါတီ ဥက္ကဋ္ဌဦးမြင့်အောင် နှင့်မြို့နယ်ပါတီ ကော်မတီဝင်များ နှင့်ရပ်/ကျေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။